Labels:

ကိုကို့ ညီမလေး

ကိုကို့ ညီမ လင်းလက်ငယ်
ဖြူဖြူဖွေးဖွေး ချစ်စဖွယ်
နုနုငယ်ငယ် ယဉ်စစ
တီတီတာတာ ရှုမ၀။
ကခဂဃင မပီတပီ
၁၂၃၄ ABC
ထက်မြက်ဥာဏ်ရည် ထူးချွန်ကဲ
ဖေဖေမေမေ အသည်းစွဲ။
မိဘကိုလည်း ချစ်ခင်ကာ
နေ့စဉ်ဦးညွှတ် ကန်တော့ရှာ
ယဉ်ကျေးလိမ္မာ သတင်းမွှေး
အနာဂတ်ရဲ့ကြယ်ဖွင့်လေး
ကိုကို့ ညီမလေး။     ။
    ညီမလေးကို ကိုကိုအရမ်းသတိရနေပါတယ်။
 
                                               လမင်း

0 comments:

Post a Comment