ချူအန်နဲ့ ဂျင်တို့ဟာ ဘွဲ့ရပြီးနောက် လက်ကားရောင်းချတဲ့
ကုမ္ပဏီတစ်ခုမှာ အတူတူ အလုပ်ဝင်ကြပါတယ်။ သူတို့နှစ်ဦးလုံး
အလုပ်ကြိုးစားကြတယ်။
နှစ်ပေါင်းများစွာကြာတဲ့အခါ သူဌေးက ဂျင်ကို
အရောင်းစီမံခန့်ခွဲသူအဖြစ် ရာထူးတိုးပေးလိုက်တယ်။ ဒါပေမယ့် ချူအန်ကတော့
အရောင်းဝန်ထမ်းအဖြစ် ဆက်လက်ရှိနေခဲ့တယ်။ သည်းမခံနိုင်တော့တဲ့ တစ်နေ့မှာ
ချူအန်ဟာ သူဌေးဆီသွားပြီး အလုပ်ထွက်စာတင်တယ်။ ပြီးတော့ သူဌေးဟာ
အလုပ်ကြိုးစားတဲ့ဝန်ထမ်းကို တန်ဖိုးမထားဘဲ မြှောက်ပင့်ပြောဆိုတဲ့သူကိုသာ
ရာထူးတိုးပေးတယ်လို့ အပြစ်တင်ပြောကြားတယ်။
သူဌေးဟာ ချူအန် နှစ်ပေါင်းအတော်ကြာ
အလုပ်ကြိုးစားခဲ့တယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် သူနဲ့ ဂျင်အကြား
ကွဲပြားခြားနားချက်ကိုသိစေဖို့ သူဌေးဟာ ချူအန်ကို ဈေးထဲသွားပြီး
ဖရဲသီးရောင်းနေတဲ့ လူတစ်ဦးကို ရှာဖို့ ပြောလိုက်ပါတယ်။ ချူဟန်ဟာ
ပြောတဲ့အတိုင်းလုပ်ပြီး ပြန်ရောက်လာခဲ့တယ်။ သူဌေးက ဖရဲသီး တစ်ကီလိုဂရမ်မှာ
ဘယ်လောက်ကျသင့်တယ်ဆိုတာ မေးမြန်းပါတယ်။ ချူအန်ဟာ ဈေးဆီပြန်သွား
မေးမြန်းပြီးနောက် ဖရဲသီး တစ်ကီလိုဂရမ်မှာ (၁၂)ဒေါ်လာကျသင့်ကြောင်း သူဌေးကို
ပြန်ပြောပြပါတယ်။
ဂျင်ကိုလည်း အလားတူပြုလုပ်ခိုင်းမယ်လို့ သူဌေးက
ချူအန်ကိုပြောတယ်။ ဂျင်ဟာ ဈေးကိုသွားပြီး သူဌေးထံပြန်လာကာ ပြောပြပါတယ်။
“လူတစ်ဦးဟာ ဖရဲသီး တစ်ကီလိုဂရမ်ကို (၁၂)ဒေါ်လာ၊ (၁၀)ကီလိုဂရမ်ကို
(၁၀၀)ဒေါ်လာနဲ့ စုစုပေါင်းအလုံးရေ( ၃၄၀) ရောင်းချနေပါတယ်။ စားပွဲပေါ်မှာ
ဖရဲသီးပေါင်း (၅၈)လုံးရှိတယ်။ ဖရဲသီးတစ်လုံးစီဟာ (၁၅) ကီလိုဂရမ်ခန့်လေးတယ်။
လွန်ခဲ့တဲ့နှစ်ရက်က တောင်အရပ်ကနေ သယ်ဆောင်လာခဲ့တာပါ။ ဖရဲသီးတွေဟာ
လက်ဆတ်နီရဲနေသလို အရည်အသွေးလည်း ကောင်းမွန်ပါတယ်ဗျာ”
ချူအန်ဟာ အလွန်ကျေနပ်ကာ သူနဲ့ ဂျင်အကြား ကွဲပြားချက်ကို
သတိပြုမိလာတယ်။ သူဟာ အလုပ်မထွက်တော့ဘဲ ဂျင်ထံကနေ ပညာသင်ယူဖို့
ဆုံးဖြတ်ချက်ချခဲ့တယ်။
ချစ်ခင်ရတဲ့ သူငယ်ချင်းတို့ရေ…
ပိုပြီးအောင်မြင်တဲ့ လူတစ်ဦးဟာ ပိုပြီးတော့
ပါးနပ်တယ်။ပိုပြီးတော့ တွေးခေါ်စဉ်းစားတတ်တယ်။ စေ့စပ်သေချာစွာနဲ့
နားလည်အောင်လုပ်တယ်။ တူညီတဲ့ ကိစ္စတစ်ခုမှာပင် မင်းဟာ မနက်ဖြန်အတွက်သာ
ကြိုတင်တွေးဆထားပေမယ့် ပိုပြီးအောင်မြင်တဲ့ လူတစ်ဦးကတော့
နှစ်ပေါင်းများစွာအတွက် ကြိုတင်စဉ်းစားထားတယ်။ တစ်နှစ်တာနဲ့ တစ်နေ့တာအကြား
ကွာခြားချက်ဟာ အကြိမ်ပေါင်း ၃၆၅ ကြိမ် ရှိတယ်။ ဘယ်လိုလုပ်ပြီး
မင်းအနိုင်ရတော့မှာလဲ။
မင်းဘဝမှာ ဘယ်လောက်အကွာအဝေးထိ ကြိုတင်ပြီး
ကြည့်ထားခဲ့ပြီးပြီလဲ၊ မင်းရဲ့အတွေးဟာ ဘယ်လောက်အထိ လေးနက်မှု
ရှိခဲ့သလဲဆိုတာ စဉ်းစားကြည့်လိုက်ပါ။
နေလင်းအောင် ဘာသာပြန်ဆိုသည်။
Ref; Learn and Earn by Unknown
မူရင်းအင်္ဂလိပ်စာ…
Learn and Earn
Author: Unknown
Author: Unknown
Chuan and Jing joined a wholesale company together just after graduation. Both worked very hard.
After several years, the boss promoted Jing to sales executive but
Chuan remained a sales rep. One day Chuan could not take it anymore,
tender resignation to the boss and complained the boss did not value
hard working staff, but only promoted those who flattered him.
The boss knew that Chuan worked very hard for the years, but in
order to help Chuan realise the difference between him and Jing, the
boss asked Chuan to do the following. Go and find out anyone selling
water melon in the market? Chuan returned and said yes. The boss asked
how much per kg? Chuan went back to the market to ask and returned to
inform boss the $12 per kg.
Boss told Chuan, I will ask Jing the same question? Jing went,
returned and said, boss, only one person selling water melon. $12 per
kg, $100 for 10 kg, he has inventory of 340 melons. On the table 58
melons, every melon weighs about 15 kg, bought from the South two days
ago, they are fresh and red, good quality.
Chuan was very impressed and realised the difference between himself and Jing. He decided not to resign but to learn from Jing.
My dear friends, a more successful person is more observant,
think more and understand in depth. For the same matter, a more
successful person sees several years ahead, while you see only tomorrow.
The difference between a year and a day is 365 times, how could you
win?
Think! how far have you seen ahead in your life? How thoughtful in depth are you?
လမင်း
0 comments:
Post a Comment