Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts
Labels:

ဘလော့ရဲ့ Newer Post......Home.....Older Post တွေအလုပ်မလုပ်ခဲ့ရ

0 comments

 ဘလော့မိတ်ဆွေများအတွက် တခါတရံမှာ တွေ့ရခဲတဲ့ ပြဿနာလေးတစ်ခုအကြေင်းပြောပြခြင်ပါတယ်.. အဲတာကတော့ ရှားရှားပါးပါးဖြစ်တတ်တာပါ... ဘလော့ရဲ့ အောက်ခြေက



 အဲလိုလေး  Newer Post...............Home............Older Post
ဆိုတာလေးဘေလာ့တိုင်းမှာ ရှိပါတယ်..အဲတာလေး အလုပ်မလ်ုပတော့ဘူးဆိုတဲ့ ပြဿနာအတွက်
ပါ...ဖြစ်တော့ဖြစ်တတ်ခဲပါတယ်.. ဖြစ်ခဲ့ရင် လိုအပ်သလို သုံးဖို့ တင်လိုက်ရပါတယ်..

လုပ်နည်း ။               ။
►1-  Blogger Singin ၀င်လိုက်ပါ။
►2-  DASHBOARD ကိုသွားလိုက်ပါ။
►3-  LAYOUT    ကိုကလစ်ပါ..။
►4-  EDIT HTML  ကိုဝင်ပါ.. Process ကိုကလစ်ပြီးဆက်ဝင်လိုက်ပါ။
►5-  EXPAND WIDGET TEMPLATES ကိုအမှန်ခြစ်ပေးဖို့မမေ့ပါနဲ့နော်...။
►6-  Ctrl+F အကူညီဖြင့် ပေးထားတဲ့ ကုဒ်ကို ရှာလိုက်ပါ။

Labels:

Androidဂိမ်းလေးတွေ မျှဝေပေးခြင်ပါတယ်

0 comments

သူငယ်ချင်းတို့ကို ကျွန်တော်မှာရှိတဲ့ Androidဂိမ်းလေးတွေ မျှဝေပေးခြင်ပါတယ်
ကြိုက်နှစ်သက်တဲ့ ဂိမ်များကို Download လုပ်သွားနိုင်ပါတယ်
ဒါကတော့ ကားပြိုင်ဂိမ်းလေးပါ
https://play.google.com မှာလည်းလေ့လာနိုင်ပါတယ်
Download>>>mediafire (or)dropbox
အာကာသ လေယဉ်စစ်တိုက်တဲ့ MB တော့နည်းနည်းများပါတယ်
ကစားရတာ မျက်စိတော့ နည်းနည်းမှုးတယ်ဗျာ
https://play.google.com မှာလေ့လာနိုင်ပါတယ်ဗျာ ကြိုက်တယ်ဆိုမှ ယူနိုင်ပါတယ်
100MB စီ ခွဲတင်ထားပေးပါတယ်
Apk Download>>>dropbox (or)mediafire
SD File Download>>>

ဒါကတော့ ဂြိုလ်သား စစ်တိုက်တဲ့ ဂိမ်းလေးပါ

Labels:

လန်ဒန်မှ နယူးယော့ခ်သို့ တစ်နာရီဖြင့် အရောက်ပျံသန်းနိုင်မည့် ခရီးသည်တင်လေယာဉ်

0 comments

လန်ဒန်မှ နယူးယော့ခ်သို့ တစ်နာရီဖြင့် အရောက်ပျံသန်းနိုင်မည့် မျိုးဆက်သစ် ခရီးသည်တင် လေယာဉ် အမျိုး အစား တစ်ခုကို အမေရိကန်တွင် သုတေသနပြု တီထွင်နေကြောင်း သိရှိရသည်။ မြန်နှုန်း Mach 6ထိ ပျံသန်းနိုင်ပြီး တစ်နာရီလျှင် မိုင်ပေါင်း(၄၅၀၀) ခရီးပေါက်မည့် လေယာဉ် တစ်စင်းသည် အနာဂတ်ကာလ ခရီးသည် ပို့ဆောင်ရေး ကဏ္ဍတွင် အသုံးပြုလာနိုင်ဖွယ် ရှိနေသည်။ လေယာဉ်သည် အသံ၏ မြန်နှုန်းထက် (၅)ကျော် မောင်းနှင်နိုင်ခြင်းဖြင့် လက်ရှိ လေယာဉ်များ ပျံသန်းနေသည့် ခရီးတာ အချိန်ရှည်လျားမှု ကို လျှော့ ချနိုင်မည် ဖြစ်သည်။ အသံလွန်နှုန်းဖြင့် မောင်းနှင်သော X-51A WaveRider လေယာဉ်သည် အမေရိကန် စစ်တပ်က ပိုင်ဆိုင်ပြီး နောက်ဆုံးပေါ် Scarmjet နည်းပညာသုံး အင်ဂျင်ဖြင့် မိုင်နှုန်းမြင့် မားစွာ   မောင်းနှင်နိုင်ကြောင်း သိရသည်။
 

ထိုလေယာဉ်သည် တစ်နာရီ မိုင်(၄၅၀၀)နှုန်းသို့ စက္ကန့်ပိုင်းအတွင်း အရှိန်မြှင့်တင် ပျံသန်းနိုင်သည်။ ယင်းနည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ် လေ့လာနေဆဲဖြစ်ပြီး ခရီးသည် ပို့ဆောင်ရေး ကဏ္ဍတွင် အနာဂတ်ကာလ၌ အသုံးပြုလာနိုင်မည်ဟု မျှော်လင့်လျှက် ရှိသည်။ အတ္တလန္တစ် သမုဒ္ဒရာကို ဖြတ်ကျော်ကာ လန်ဒန်နှင့် နယူးယော့ခ် ကူးလူးမှုသည် ထိုလေယာဉ်ဖြင့် ပျံသန်းပါက (၁)နာရီမျှသာ ကြာမြင့်မည်ဟု သိရသည်။ B52 ဗုံးကြဲလေယာဉ်၏ တောင်ပံများကို တပ်ဆင်ထားသည့် လေယာဉ်ကို ကယ်လီဖိုးနီးယားရှိ အက်ဒွပ် လေတပ်စခန်းမှ စမ်းသပ်ပျံသန်းရန် စီစဉ်ထားသည်။

Labels:

အနာဂတ်လေယာဉ်သစ်တစ်မျိုးကို NASA နှင့် Boeing တို့ပူးပေါင်းဖန်တီး

0 comments


အနာဂတ် ကာလအတွက် ရည်ရွယ်ထားသည့် လေယာဉ်သစ် တစ်မျိုးကို အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ (NASA)နှင့် Boeing ကုမ္ပဏီတို့က ပူးပေါင်း ဖန်တီးနေကြောင်း သိရှိရသည်။ Boeingသည် သာမန်ခရီးသည်တင် လေယာဉ်ဒီဇိုင်းများကို တော်လှန်ပစ်ပြီး တောင်ပံအနေအထားကို လုံးဝ ပြောင်းလဲပစ်လိုက်သည့် တြိဂံသဏ္ဍန် လေယာဉ်ကို NASAနှင့် ပူးပေါင်း သုတေသန   ပြုနေခြင်းဖြစ်သည်။ အဆိုပါ လေယာဉ်သစ်၏ အဓိက အားသာချက်သည် လောင်စာဆီ အသုံးပြုမှု အလွန်သက်သာသွားမည်ဟု သတင်းများက ဆိုသည်။

Labels:

Laptopအကြောင်းတွေကို စုံစုံလေး သိစေချင်လို့ လိုင်းပေါ်က ပြန့်ကြဲနေတဲ့ အပိုင်းအစတွေကို စုစည်းပြီး ပို့စ်တစ်ခု အဖြစ် ဖန်တီးတင်ပြလို

0 comments

ဒီပို့စ်ကိုဖတ်ပြီးရင်လဲ အားလုံးအဟုတ်တောင် တော်တော်လေး နားလည် သွားမယ်လို့ ယုံကြည့်ပါတယ်
ကျွန်တော် Laptop တလုံးကို စတင်ဝယ်ယူတော့မယ်ဆိုရင် ဘာတွေ သိထားသင့်တယ် ဘယ်အမျိုးအစားတွေက ဘာအတွက် ပါဝင်လာတယ် နောက်ထပ် ဘယ်အပိုင်းလေးတွေကို ဂရုစိုက်ပြီး ၀ယ်ယူရမယ်ဆိုတာကို ပြောပြချင်ပါတယ်။ ခုနောက်ပိုင်းမှာ Laptop တွေ ခေတ်စားလာတာနဲ့ အတူ ထွက်လာတဲ့ အမှားများစွာကို ကျွန်တော်တို့ တွေ့ပီးရင်ဆိုင်နေရသူတွေ ရှိသလို ကျွန်တော်တို့ ဘယ် အမျိုးအစားက ဘာအတွက် သုံးတယ်ဆိုတာကို သိဖို့တွက်ကို ပြောပြချင်ပါတယ်။ကျွန်တော် နားလည်သလောက်ကို လူတိုင်းနားလည်အောင် တက်နိင်သလောက် အသေးစိတ် ဆန်ဆန် ရေးပေးချင်မိပါတယ်။ တပိုစ့်ချင်းဆီကို စောင့်ဖတ်ပေးပါလို့ ပဲ့ တောင်းဆိုပါရစေ။ကျွန်တော် ပိုစ့်ခေါင်းစဉ်တွေကို အောက်က လို အပိုင်း ၃ ပိုင်း ခွဲထားပါတယ်။အပိုင်း (၁) ပါဝင်မူ အစိတ်အပိုင်းများနှင့် စွမ်းဆောင်ရည်များ။
အပိုင်း (၂) Notebook , Laptop , Netbook and Desktop ရဲ့ ကွာခြားချက်များ။
အပိုင်း (၃) Laptop တလုံးဝယ်ရန် ဘယ်အပိုင်းတွေကို ကြည့်ရူလေ့လာရမလဲ?

Labels:

အများသုံး ဝိုင်ဖိုင်များတွင် Facebook သုံးသူများ Account Hacking လုပ်ခံရနိုင် "

0 comments

Facebook ဆိုရှယ် နက်ဝပ် သုံးစွဲ သူမျာuးser အနေဖြင့် မိမိတို့၏ Facebook User Account   များကိုသုံးစွဲရာတွင် အများသုံး   ဖရီးဝိုင်ဖိုင်နက်ဝပ် ဧရိယာ များတွင် သုံးစွဲ ခြင်းဖြင့်Hack ခံရမှု အန္တရာယ် ပိုမိုနီးစပ် ကြောင်း သိရှိရသည်။
အ များသုံး ဝိုင်ဖိုင်ဧရိယာများတွင် သုံး စွဲသူများ၏Facebok အကောင့် များကိုHack ပြုလုပ်ရန်  အတွက် ပိုမိုလွယ်ကူပြီး ထိုသို့Hacking ပြုလုပ်ရန်အတွက် ဆော့ဖ်ဝဲများလည်းရှိကြောင်း သိရှိရသည်။

“အခုဆိုရင်Facebook အကောင့်ကိုHack လုပ်တဲ့ဆော့ဖ်ဝဲတစ်မျိုးရှိပါတယ်။ အဲဒါက မိုဘိုင်းဖုန်း  ထဲကနေ အများသုံးဝိုင် ဖိုင်ဧရိယာအတွင်းမှာ သုံးနေတဲ့ Facebook user ရဲ့အကောင့်ကို Hack    လိုက်လို့ရပါတယ်။

Hack ခံရတဲ့သူရဲ့အကောင့်ထဲကိုဝင်ပြီး သုံးပြီးစတေးတပ်စ်တွေတင်တာ၊ ပုံတွေတင် တာမျိုး ပြုလုပ်  လို့ရပါ တယ်။

Password ကိုပါ ပြောင်း ပစ်လိုက်လို့ရပါတယ်။ ဒါ့ကြောင့် အများသုံး ကော်ဖီဆိုင်တွေလို၊ စူပါမား ကတ်တွေ  လို ဝိုင်ဖိုင်ဧရိယာ တွေမှာ Facebook သုံးရင် သတိ ထားပြီး သုံးဖို့ လိုပါတယ်။

အဲဒီ နေရာတွေမှာFacebook သုံးတဲ့ User တွေရဲ့ အကောင့်နာမည်ကိုသိရုံနဲ့ မိမိပရိုဖိုင်းလင့်ခ်
ကိုယူပြီး ကိုယ်နဲ့နက်ဝပ်တစ်ခုတည်းမှာ သုံး နေတဲ့သူက ဆော့ဖ်ဝဲသုံးပြီး မိမိ အကောင့်ကို
Hacking ပြုလုပ်လို့ ရနိုင်ပါတယ်။

Labels:

ကွန်ပြူတာကို စကားနဲ့ ပြောပြီး အလုပ်ခိုင်း ကြည့်ရအောင်(ဘာ ဆော့ဝဲလ်မှ ထပ်ထည့်စရာမလိုဘူး၊၀င်းဒိုးမှာ အော်တိုပါပြီးသားလေးကိုပဲ အသုံးချမှာပါ။) |

0 comments


သူငယ်ချင်းတို့ စိတ်ဝင်စားကြမယ်လို့ ထင်ပါတယ်
ကျနော်ဒါကို ကလိနေတာတော့ တော်တော်ကြာပြီး။အဆင်ပြေတယ်ဗျ။ကွန်ပြူတာ ကို စကားပြောပြီး
-သီချင်းဖွင့်ခိုင်းလို့ရတယ်
-စာတွေရေးခိုင်းလို့ ရတယ်
-ဂိမ်းကစားခိုင်းလို့ရတယ်
-အဖွင့် အပိတ် လုပ်ခိုင်းလို့ ၇တယ်
-အင်တာနက်သုံးလို့ရတယ်
-ချက်တင် ပြောလို့ရတယ်
ကျန်တာတွေ အများကြီး ကို လည်သလို ခိုင်းလို့ ရပါတယ်။
တစ်ခုတော့ ရှိတယ်ဗျ။သူ့ကို ခိုင်းမယ်ဆိုရင် အင်္ဂလိပ်လိုပဲ ခိုင်းလို့ရတယ်။။ကိုယ်ပြောတဲ့စကားကို
အင်္ဂလိပ်လိုပီအောင်ပြောရတယ်ဗျ။
မခက်ပါဘူး ကျနော်ဆို အစတုန်းကတော့ ပြောလို့မရဘူးဗျ ကြာလာတော့လဲ သူ့ဘာသာ သူ အဆင်ပြေလာပါတယ်


Labels:

မိုဘိုင်းဖုန်းတစ်လုံး၏ လျှို့ဝှက်ချက် ငါးခု

0 comments


မြန်မာ နိုင်ငံမှာရှိတဲ့ လူအများ စုဟာ မိုဘိုင်းဖုန်း တစ်လုံးရဲ့ အသုံးဝင်မှု လျှိုဝှက်တွေကို သိရှိ သူတွေ အလွန် နည်းပါး နေပါတယ်။ ကိုင်နေတဲ့ လူအများစုဟာ ဖုန်းတစ်လုံးရဲ့ အသုံးဝင်မှုကို အများအားဖြင့် Camera, Music, Bluetooth, FM, Radio. Alarm နဲ့ Game အစရှိတာတွေ လောက်သာ အသုံးပြု နေကြတာများပါတယ်။ ဒါကြောင့် ဒီထက်ပိုပြီး အသုံးဝင်မှုနဲ့ လျှို့ဝှက်ချက် အနည်းငယ်ကို ဖော်ပြပေးလိုက်ပါတယ်။
(၁) အရေးပေါ် ကွန်ရက်ရှာရန် Keypad ကို Locked လုပ်ထား ရင်တောင် မိုဘိုင်းဖုန်းတွေဟာ 122 ဆိုတဲ့ နံပါတ်ကိုနှိပ်လို့ရတာ တွေ့ရပါတယ်။ ဒီနံပါတ်ဟာ တစ်ကမ္ဘာလုံး ဆိုင်ရာနိုင်ငံတကာ အရေးပေါ်ဖုန်းနံ ပါတ်ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းတွေရဲ့ ဆက်သွယ်မှု ဧရိယာထဲ မှာရှိရင် ဒီနံပါတ်ကို နှိပ်လိုက်တာနဲ့ ဖုန်းဟာ အနီးဆုံး ဆက်သွယ်မှုကွန်ရက်ကို အလိုလျောက် ရှာမှာဖြစ် ပါတယ်။ ဒီနံပါတ်ဟာ မိုဘိုင်းဖုန်းရဲ့ခလုတ်တွေကို ပိတ်ထားရင်တောင် နှိပ်လို့ ရနေမှာဖြစ်ပါတယ်။
(၂) ဘက်ထရီ အရေးပေါ် အားကုန်ရင် မိုဘိုင်းဖုန်းတွေမှာ ဖုန်းအသုံး ပြုရင်း ဘက်ထရီ အားနည်းလာပြီဆို ရင် *3370# ကိုနှိပ်လိုက်တာနဲ့ ဖုန်း တွေမှာ အရေးပေါ်သုံးဖို့ချန်ထားတဲ့  ဓာတ်အားကို ပြန်ဖွင့်ပေးမှာဖြစ်လို့ ဖုန်းမှာ ဘက်ထရီ ထက်ဝက်အားပြန် ပြည့်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ နောက်တစ်ကြိမ် မိုဘိုင်းဖုန်း ဘက်ထရီ အားပြန်ဖြည့်တဲ့အခါမှာ သာမာန်နဲ့ အရေးပေါ်သုံး နှစ်မျိုးစလုံးအတွက် ဘက်ထရီအားကို အလိုလျောက်အား ပြန်ဖြည့်မှာဖြစ်ပါတယ်။ ဒီနည်းဟာ လူအများစုအတွက် အသုံးဝင်စေမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။

(၃) ကားသော့ကျန်ခဲ့ရင် အဝေးထိန်း စနစ် တပ်ဆင်ထားတဲ့ကား အသုံးပြုသူ တွေအတွက် ကားထဲမှာ သော့ကျန်ခဲ့ခြင်း၊ အပိုသော့ တစ်ချောင်းအိမ်မှာ ကျန်ရှိနေ ခြင်းဖြစ်ပေါ် ကြုံလာပါက မိုဘိုင်းဖုန်း တစ်လုံးရှိရုံနဲ့ အဆင်ပြေ တာကို တွေ့ရမှာပါ။ အသုံး ပြုပုံကတော့ အိမ်မှာ ရှိတဲ့လူတစ် ယောက်ဖုန်းကို မိမိမိုဘိုင်းဖုန်းနဲ့ လှမ်းခေါ်ပြီး တစ်ဖက်လူနဲ့အဆက်အ သွယ်ရရင် အိမ်ကလူကို ကားသော့ ဖွင့်တဲ့ခလုတ်ကို ဖုန်းအနားကပ်ပြီးနှိပ် ခိုင်းလိုက်ရုံနဲ့ ကားတံခါး ပွင့်သွားမှာ ဖြစ်ပါတယ်။ မိမိရဲ့ ဖုန်းကိုတော့ ကားနားမှာ ထားရှိရမှာ ဖြစ်ပါတယ်။ ဒီနည်း ဟာ မိမိအတွက် ပင်ပန်းမှုမရှိပဲ အဆင် ပြေစေမယ့်နည်းလမ်းတစ်ခုဖြစ်ပါတယ်။


Labels:

LINUX စသုံးမည့်သူများ သိသင့်စရာအဖျာဖျာ

0 comments




Operation System အမျိုးအစားတစ်ခု
လွန်ခဲ့တဲ့ နှစ်နှစ်လောက်က စပြီးတော့ Operation system ဆိုတာ ထည့်ပြောစရာမလိုတဲ့ အခြေအနေဖြစ်နေပါပြီ။ ဘာလို့လည်းဆိုတော့ အဓိကကျတဲ့ ကွန်ပြူတာနဲ့ လုပ်မယ့် အလုပ်တွေ အားလုံးနည်းပါးက အွန်လိုင်းကနေပဲ လုပ်တာ ဖြစ်တော့ browser တွေသာ အဓိက အခန်းကဏ္ဍက ဖြစ်နေပါတယ်။ ဒါကြောင့် Operation system ဆိုတာ့ နောက်ကွယ်ကပဲ သူလုပ်ရမယ့်အလုပ်တွေ လုပ်တာဖြစ်ပြီး အသုံးပြုသူက ဘယ် Operation system ကို သုံးနေသလည်းဆိုတာ သိစရာ မလိုတဲ့အနေအထားဖြစ်နေပါတယ်။ အဲဒီတော့ Operation system ဆိုတာ user တွေ အသုံးပြုမယ့် ဆော့ဝဲ တွေနဲ့ computer မှာ ရှိတဲ့ hardware တွေကို ချိတ်ဆက်ပေးတဲ့ ကြားခံ တစ်ခုလို့ပဲသိထားရရင်ရလောက်ပါပြီ။


Labels:

ဓါတ်ပုံတွင် Noise များနေရင်ဖျောက်ပေးမဲ့ Noise Ninja 2.4.1 Plug-In http://intware-smma.blogspot.com/2012/08/noise-noise-ninja-241-plug-in.html

0 comments


မိမိဓါတ်ပုံကိုပြင်ဆင်ရာတွင် Noise ဆိုတဲ့ မှုန်ဝါးမှုများနေပါက ဒီsoftware လေးကိုသုံးပြီး Noise များအားလုံကိုကင်းရှင်းစေအောင်ဆောင်ရွက်ပေးပါတယ် ဒါက photoshop plug-in လေးပါနော် ...... full version လိုအပ်ပါကအောက်မှာဒေါင်းသွားလိုက်ပါနော် သယ်ရင်းတို့ အဆင်ပြေနိုင်ကြပါစေ ....
What's new in Noise Ninja for Photoshop 2.4.1
  • This release corrects an Intel platform CS6 crash issue on Windows. This will also correct some rarely occurring issues with CS5 (Mac, Windows) and CS6 (Windows) where Noise Ninja caused a Photoshop crash due to conflicts with other 3rd party plug-ins.
Link download
Password: koskomputer

 ဧရာဝတီသားလေး