Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts
Labels:

ဟာသ

0 comments




သြော်..ကိုဘမောင်..ကိုဘမောင်..
ရိုးရိုးအေးအေး စာရေးကြီး ကိုဘမောင်သည် လုပ်ငန်းကိုင်ငန်းများ အဆင်မပြေသဖြင့် သူတို့လမ်းထိပ်တွင် ဟောခန်းဖွင့်စားနေသော ဗေဒင်ဆရာထံ သွားလေသည်။ ဗေဒင်ဆရာက ယခုကဲ့သို့ အညံ့များကြုံနေရခြင်းမှာ ကိုဘမောင်အိမ်တွင် မလျော်ကန်၊ မသင့်မြတ် သည်များ ရှိသောကြောင့်ဆိုပြီး အိမ်အထိ လိုက်ကြည့်လေတော့သည်။
အိမ်သို့ ရောက်ရောက်ခြင်းပင်...
ဗေဒင်ဆရာ။ ။ “သိပ်ဟုတ်တာပေါ့ ကိုဘမောင်၊ ခင်ဗျား ဘုရားစင်မှာထိုးထားတဲ့ ခတ္တာပန်းတွေကို စွန့်ပစ်လိုက်တော့... ဖြစ်နိုင်ရင် နောက်လည်း မထိုးနဲ့ဗျာ... နောက် ဒီအောက်မှာ ချိတ်ထားတဲ့ စံပယ်ပန်းတွေ...”
ကိုဘမောင်။ ။ “ဘာလို့လဲ ဆရာ၊ ဘုရားကို ပန်းလှူတာ မကောင်းဘူးလား...”
ဗေဒင်ဆရာ။ ။ “ခင်ဗျားတို့ အဲဒါတွေကြောင့် အခက်အခဲတွေ ရှိနေတာပေါ့... ဒီမှာခတ္တာဆိုတာ “ခက်တာ” နဲ့ အသံဆင်တယ်ဗျ...။ ခက်တာတွေ ဖြစ်တတ်တယ်။ စပါယ် ဆိုတာကလည်း“စကတည်းက ပယ်ခံရတယ်” ဆိုတဲ့ အဓိပ္ပာယ်ကို ဖြစ်စေတယ်...”
ကိုဘမောင်။ ။ “ဟုတ်လား ဆရာ၊ ဒါဆို ဘာကို ဘုရားကပ်ရမလဲ...”
ဗေဒင်ဆရာ။ ။ “ဒီမှာ အလွယ်လေးလေ... ကောက်ညှင်းပေါင်းလှူ...”
ကိုဘမောင်။ ။ “ဟုတ်လား... ကောက်ညှင်းပေါင်းလှူရင် ကောင်းတယ်လား...”
ဗေဒင်ဆရာ။ ။

Labels:

သိရင်ပြောကြပါကွယ် ကျေးဇူးဆပ်ပါမယ်

0 comments

သိရင်ပြောကြပါကွယ် ကျေးဇူးဆပ်ပါမယ်
တခါက ကျေးရွာတရွာမှာ အဘိုး အဘွား မြေးများနဲ့ မိသား တစုတို့နေ
နေထိုင်ကြတယ် ။ အဖွားဖြစ်သူက ရှေးအဖွားကြီးဆိုတော့ သားသမိးတွေ မြေးတွေကို
ဆုံးမတဲ့အခါ ၊ ဆူပူကြိမ်းမောင်းတဲ့အခါတိုင်း မြန်မာစကားပုံတွေကို သုံးပြီးဆူလေ့ပြော
လေ့ရှိပါတယ် ။
ဉပမာ မိန်းခလေးတွေ အမြင်မတော် ထိုင်နေ တာတွေရင် ဟဲ့ ဟဲ့ မိန်းခ
လေးတွေကအိမ်ရှေ့ထွက်ပြီး ဒီလိုထိုင်ရလားမိန်းခလေးဆိုတာ ဗိုင်းကောင်းကျောက်ဖိ
ပိပိရိရိ နေရတယ်ဟဲ့ နင်တို့ခောတ်ကာလ ခလေးတွေတော့ ငါဖြင့် ကြုံဘူးပေါင်တော်
အိမ်ရှေ့ထွက်ထိုင်ရတယ်လို့ စ သဖြင့် ဆူပူကြိမ်းမောင်းတက်ပါတယ် ။
တခါတရံ ခဏ ခဏ ပြောမရတဲ့အခါမျိုးမှာ ဟဲ့ ကျွဲပါးဆောင်းတီး ကောင်
လာခဲ့ နင့်ကို ဘယ်နှစ်ခါပြောရမလဲ ထမင်းစားရင် အသံမမြည်စေနဲ့ဆိုတာ လုပ်ပြန်ပြီ
ပြတ် ပြတ် နဲ့ နောက်တခါပြောရရင်သေဘို့သာပြင်ထား လို့ဆူတက်ပြန်ပါတယ် ။
ခလေးတွေကလဲ ခောတ်ကာလ ခလေးတွေဆိုတော့ အဖွားဆူလိုက်တိုင်းအဘိုး
ထံလာ လာပြီး အဖွားပြောလိုက်တဲ့စကားပုံကိုနားမလည် ၊ လို့မေးတက်ကြပါတယ် ၊
အဲဒီအခါမှာ အဘိုးဖြစ်သူက စိတ်ရှေလက်ရှေဖြင့်
ဗိုင်းကောင်းကျောက်ဖိဆိုတာ ဘာကိုဆိုလိုတယ်
ကျွဲပါး ဆောင်းတီးဆိုတာ ဘာကိုဆိုလိုတယ် စသည်ဖြင့် စိတ်ရှေလက်ရှေ
ရှင်းပြလေ့ရှိပါတယ် ။

Labels:

ရှေနေလောက ဟာသများ

0 comments

ရှေနေလောက ဟာသများ
ကျွန်တော်တို့ရှေ့နေလောကမှာပြောနေကျပျက်လုံးကလေး ကိုပြောပြရအုံးမယ် သိပြိးသားလဲဖြစ်ကြမှာပါ


မိုက်လိုက်ပါ့သားရယ်

တနေ့မှာ ဖခင်ဖြစ်သူ ရှေ့နေကြီးက ရှေ့နေဖြစ်ခါစ သားတယောက်ကို ဒီနေ့အဖေတခြားအမှုတွေနဲ့တိုက်နေလို့ ဒီအမွေအမှုကိုမင်းသွားလိုက်ကွာဆိုပြီး
ခိုင်းလိုက်တယ် ၊
ညနေ   သားပြန်လာတော့ ဘယ်နဲ့လဲ မင်းနေ့လည်က ငါ ခိုင်းလိုက်တဲ့အမှု ဘယ်နေ့ရက်ချိန်းယူခဲ့လဲ လိုမေးလိုက်တော့
သားဖြစ်သူ က ခပ်ကြွားကြွားကလေးပြန်ဖြေလိုက်တာက
အဖေ နောက်ထပ်ရုံးချိန်းသွားစရာမလိုတော့ဘူး အဖေ အနှစ် ၂၀ လောက် လုပ်ရတဲ့အမှုကို သား တနေ့ထဲနဲ့ဖြတ်လိုက်ပြီ လို့
ပြန်ပြော လိုက်တော့
ဖခင်ဖြစ်သူက အမလေး မိုက်လိုက်တာ သားရယ် ငါမင်းကို ဒီအမှုနဲ့ ရှေ့နေဖြစ်အောင်ပညာသင်ခဲ့ရတာ ကွ တဲ့

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

နောက်တခုက

ရှေ့နေဆိုတာ

ရှေ့နေကြီးတဦးမှာ မိမိရုံးခမ်းတွင်အလုပ်များ၏၊
တပည့်တဦးမှာ လှေခါးမှ အပြေးအလွှားတက်လာရင်း
ဆရာရေ - ဆရာရေ ရိုက်မှုတမှုတော့ ဖြစ်လာပြီဆရာရေဟု အော်ပြီး ပြေးတက်လာ၏
ဆရာ က အူယား ဖါးယား ထပြိး  ဟေ  ဘယ်သူလဲကွ
ထောင်ကျသွားမယ်  ဘာမှတ်လို့လဲ ဟုအော်ပြောလိုက်၏
ပြေးတက်လာသော တပည့် က ဆရာအနား ရောက်လာပြီး  မျက်နှာငယ်လေးနှင့်ပြောလိုက်တာက
ဆရာ  ရိုက်တာက ကျွန်တော် ကိုယ်တိုင်ရိုက်ခဲ့တာ ဆရာ ရဲ့
ဒီတော့  ဆရာ လုပ်သူရှေ့နေကြီး က
ဟေ  အေး - ရိုက်သင့်ရင် လဲ ရိုက်ရမယ်လေကွာ 
တဲ့

ဧရာဝတီသားလေး

Labels:

တော်လိုက်တဲ့ ဘာသာပြန်ဆရာ

0 comments

တော်လိုက်တဲ့ ဘာသာပြန်ဆရာ
How Old are You      မင်းဘယ်လိုအိုသွားတာလဲ
How long have you been in Singapore     မင်းကစင်ကပူမှာဘယ်လိုရှည်လာတာလဲ
Quite well      တော်တော်လေးကေင်းတဲ့ရေတွင်း
well Done      ရေတွင်းပြိးသွားပြီ
Quite right     တော်တော်လေးကောင်းတဲ့ညာဘက်
Turn right      အမှန်ကိုလှည့်ပါ
Turn left      အမှန်ကိုလှည့်ပြီးထားခဲ့
Hand round    လက်ကိုပတ်ပါ
By the way     လမ်းမကြီးအားဖြင့်
Next door      နောက်တံခါးတချပ်
How’s Going    ဘယ်လိုသွားမှာလဲ
Get into bed   အိပ်ယာထဲဝင်သည်
Dressing table   စားပွဲခုံအ၀တ်လဲနေသည်
Getting Out    အပြင်တွင်ရသည်
Getting in     အထဲတွင်ရသည်
All right     အားလုံးညာဘက်
Make up your mind     မင်းစိတ်ကိုမိတ်ကပ်လိမ်းပါ
Try on      အပေါ်တွင်ကျိုးစားပါ
To day what is your brakefast      ဒီနေ့မင်းပထမဆုံးဘာကိုချိုးလိုက်တာလဲ
Keep an eye      မျက်လုံးတဘက်သိမ်းထားပါ
Long gone      အရှည်ကြီးသေသွားပြီ
Switch on      အပေါ်တွင်ဖွင့်သည်
Watch out      အပြင်မှာစောင့်ကြည့်သည်
Go out with date      နေ့စွဲနှင့်အပြင်ထွက်သည်
Everything will be all right      အားလုံးညာဘက်တွေဘဲဖြစ်သွားမှာပါ
I am not feeling well      ငါဘယ်လိုမှ ရေတွင်းကိုခံစားလို့မရဘူး
Hurry up      အပေါ်မြန်မြန်လုပ်
Poor you      မင်းဆင်းရဲလိုက်တာ
Back off      နောက်ဘက်ကိုပိတ်ပါ
မျက်နှာလာမလုပ်နဲ့      Non’t do face
ကျွဲပါးဆောင်းတီးမလုပ်နဲ့       Don’t pay gita near buffalo


ဧရာဝတီသားလေး

ရီသောသူအသက်ရှည်၏

Labels:

မြန်မာကွ

0 comments






ဧရာဝတီသားလေး