တွေးတွေးပြီ၇ယ်နေကြပါစေ

0 comments

၁)
စားသောက်ဆိုင်တစ်ဆိုင်မှာ လင်မယားနှစ်ယောက် မင်္ဂလာနှစ်ပတ်လည်နေ့ ကျင်းပနေတယ်။ ရိုမန်တစ်ဆန်တဲ့ဝန်းကျင်မှာ မယားက ချိုချိုသာသာလေးနဲ့ ယောက်ျားကိုပြောပါတယ်။
"ယောက်ျားရေ... နောင်ဘဝကျရင် ငါ့ကိုနင်ယူဦးမလားဟင်း...!"
ဒါကို ယောက်ျားက အားတက်သရော ပြန်ဖြေပါတယ်။
"မိန်းမရေ.. ဒီဘဝမှာ နင်နဲ့ဆုံရတာ ငါ့အတွက် ပျော်ရွှင်ခြင်းတစ်မျိုးပါ။ ဒါပေမဲ့ တစ်ကြိမ်ပဲ ပျော်ပါရစေတော့။ တစ်ခြားလူလည်း ပျော်ရအောင်လို့ နောင်ဘဝကျရင် ဒီပျော်ရွှင်တဲ့အခွင့်အရေးကို တခြားလူဆီ ငါလွှဲခဲ့မယ်"
(၂)
ခင်ပွန်းဖြစ်သူဟာ စာစောင်တစ်ခုဖတ်နေရင်းက မိန်းမကိုလှမ်းပြောတယ်။
"မိန်းမရေ.. တောင်အာဖရိက မိန်းမတွေက ယောက်ျားနဲ့အိပ်ပြီးရင် ယောက်ျားကို ၈ဒေါ်လာပေးရတယ်လို့ စာစောင်ထဲမှာ ရေးထားတယ်။ ဒီလောက်ကောင်းတဲ့ အခွင့်အရေး ငါလက်လွတ်လို့မဖြစ်ဘူး။ မနက်ဖြန်ပဲ ငါတောင်အာဖရိကသွားမယ်"
"ကျွန်မလည်း လိုက်မယ်"
"နင်က ဘာသွားလုပ်မလို့လဲ?"
"တစ်လ ၁၆ ဒေါ်လာလေးနဲ့ ရှင်ဘယ်လို အသက်ဆက်မလဲဆိုတာကို သိချင်လို့ပါ..."
(၃)အရက်ဆိုင်ဖွင့်ထားတဲ့ ကျောင်းသားတစ်ယောက်က ခရစ္စမတ်ညမှာ ဆရာကို လက်ဆောင်ပစ္စည်းတစ်ခုပေးဖို့ ဆုံးဖြတ်လိုက်တယ်။ လက်ဆောင်ရတော့ ဆရာက လက်ဆောင်သေတ္တာရဲ့အပြင်မှာ အရည်တစ်မျိုးပေနေတာကိုတွေ့တော့ သေတ္တာထဲမှာ ဘာလက်ဆောင် ထည့်ထားမလဲဆိုပြီး ခန့်မှန်းကြည့်လိုက်တယ်။ ဆရာက အရည်ကို လျှာနဲ့တို့ကြည့်ပြီး .... "ဒါ ဘရန်ဒီဖြစ်မယ်"
ကျောင်းသား ......... "မဟုတ်ပါဘူး"
ဆရာ................... "ဒါဆို ဂျပန်အရက်"
ကျောင်းသား ......... "မဟုတ်ပါဘူး"
ဆရာ.................. "ဒီလိုဆိုရင် XO ပဲဖြစ်မယ်"
ကျောင်းသား......... "မဟုတ်ဘူးဆရာ.. အထဲမှာထည့်ထားတာက ခွေးကလေးတစ်ကောင်ပါ"
ဆရာ.................. "&*@&#*@#"
(၄)
တစ်နေ့မှာ လုပ်ဖော်ကိုင်ဖက်က ရီရီကိုမေးတယ်။
"နင် နေ့တိုင်းအလုပ်တက်တော့ နင့်သားကို ဘယ်သူထိန်းလဲ?"
"ယောက္ခမထိန်းတယ်လေ"
"နင် ကံကောင်းလိုက်တာ.."
"ကံကောင်းတာလဲ မဟုတ်ပါဘူး။ နေ့ဆိုရင် ငါ့သားကို ယောက္ခမကထိန်းပေးတယ်။ ညဆိုရင် သူ့သားကို ငါကထိန်းပေးတယ်။ ညီမျှပါတယ် ဟ.."
(၅)
တရုတ်ပြည်မှာ အငယ်ထားတာ ခေတ်စားသတဲ့...
ထိုင်ဝမ်ကျွန်းကလူတစ်ယောက် လွန်ခဲ့တဲ့ငါးနှစ်က တရုတ်ပြည်မှာ အငယ်တစ်ယောက်ထားခဲ့တယ်။ အငယ်အတွက် ၄သိန်းတန်အိမ်တစ်လုံး ဝယ်ပေးခဲ့ပြီး လစဉ်လတိုင်း ယွမ် ၃ ထောင်ပေးသုံးခဲ့တယ်။ ဒီတစ်နှစ်မှာ အငယ်နဲ့ သူလမ်းခွဲလိုက်တယ်။ ဝယ်ထားတဲ့အိမ်ကိုရောင်းတော့ ၁၂သိန်းရတယ်။ တွက်ကြည့်တော့ အငယ်ကို ၆နှစ်အလကားတွဲလိုက်ရပြီး ၆သိန်းမြတ်သွားတယ်။ အိမ်မြေရောင်းဝယ်ရေးကို သူကျေးဇူးတင်တယ်။ အငယ်ထားတာဟာ ရင်းနှီးမြှုပ်နှံမှုတစ်ခုလို့ သူဆိုတယ်။
အဲဒီလိုနဲ့ ထိုင်ဝမ်ပြန်ရောက်လို့ ဒီအကြောင်းကို မယားကြီးကသိတော့ သူ့ကိုနားရင်းအုပ်ပြီးဆူတယ်။
"ဘာဖြစ်လို့ အငယ်တစ်ယောက်ပဲ ထားခဲ့သလဲ" တဲ့...
*** I LOVE YOU ***
အသက်အရွယ် အမျိုးမျိုးရှိတဲ့ ယောက်ျားသားသူငယ်ချင်းတချို့ အရက်စုသောက်နေကြတယ်။ အဲဒီထဲမှာ ယောက်ျားတချို့က အထူးအဆန်းလေး စမ်းသပ်ကြည့်ချင်ကြတာနဲ့ ကိုယ့်မိန်းမဆီ "နင့်ကို ငါချစ်တယ်"ဆိုတဲ့ မက်ဆေ့ရေးပို့ကြဖို့ အကြံထုတ်တယ်။ သူတို့ရေးပို့ပြီးနောက် အသက်အရွယ်မတူတဲ့ မိန်းမတွေဆီကရတဲ့ အဖြေကို အောက်ပါအတိုင်း တွေ့ရတယ်။
အသက်(၂ဝ)အရွယ် မိန်းမပြန်ပို့တဲ့မက်ဆေ့က----- နင့်ကိုလည်း ငါချစ်တယ်!
အသက်(၃ဝ)အရွယ် မိန်းမပြန်ပို့တဲ့မက်ဆေ့က----- ရှင်သောက်တာများသွားပြီထင်တယ်!
အသက်(၄ဝ)အရွယ် မိန်းမပြန်ပို့တဲ့မက်ဆေ့က----- ရှင် နေကောင်းပါတယ်နော်!
အသက်(၅ဝ)အရွယ် မိန်းမပြန်ပို့တဲ့မက်ဆေ့က----- ရှင် လူမှားပို့လိုက်တာလား! ပြန်လာရင် ရှင်နဲ့ကျုပ်တွေ့မယ်!
အသက်(၆ဝ)အရွယ် မိန်းမပြန်ပို့တဲ့မက်ဆေ့က----- အငြိမ်းစားယူပြီး ရှင်အားယားနေလည်း တောင်သွားတက်ပါလား!
အသက်(၇ဝ)အရွယ် မိန်းမကမက်ဆေ့မပြန်ဘဲ သားဆီ ချက်ချင်းဖုန်းဆက်တယ်။
"သား... သားဖေဖေ နေမကောင်းဘူး။ ဆရာဝန်မြန်မြန် သွားပြပါ"
အသက်(၈ဝ)အရွယ် မိန်းမကမက်ဆေ့မပြန်ဘဲ သူ့ဘာသာသူ ရွတ်နေတယ်။
"အင်း... ဒီနေ့ သူဆေးသောက်ဖို့ မေ့သွားပြီထင်တယ်!"
သံသယမရှိ... အသက်အရွယ်မရွေး "I Love You"တယ်ဆိုတိုင်း ယုံနိုင်ကြပါစေ။
*** ပြုံးချင်မှပြုံးပါ ***
(၁)
တစ်နေ့မှာ လမ်းလျှောက်နေတုန်း ကလေးလေးတစ်ယောက်က အမေလက်ကိုဆွဲပြီး ပြောတယ်။"မေမေ.. မေမေ... ဟိုရှေ့ကလူ ထိပ်ပြောင်ပြောင်နဲ့ ခေါင်းမှာဆံပင်လည်းမရှိဘူး"
"အိုး... တိုးတိုးပြောပါသမီးရယ်.. လူများကြားသွားရင် မကောင်းဘူး"
"ဘာဖြစ်လို့လဲ မေမေ! သူ့ခေါင်းပေါ်မှာ ဆံပင်မရှိမှန်း သူကိုယ်တိုင်မသိလို့လားဟင်?"
(၂)
ဆူဆူညံညံ၊ လူတွေအုံအုံကျက်ကျက်ဆိုရင် သိပ်ကြိုက်၊ သိပ်စပ်စုတတ်တဲ့ သူငယ်ချင်းနှစ်ယောက် တစ်နေ့မှာ ရှော့ပင်းအတူထွက်ကြတယ်။ လည်ရင်းပတ်ရင်း တစ်နေရာရောက်တော့ လမ်းဘေးမှာ လူတွေဝိုင်းအုံနေတာကို တွေ့လိုက်တယ်။ ကြည့်ရတာ မတော်တဆကားတိုက်မှုဖြစ်တယ်။ ဝိုင်းအုံကြည့်နေတဲ့ လူတွေများတာကြောင့် စပ်စုတဲ့သူတို့နှစ်ယောက် ရှေ့တိုးကြည့်လို့မရတော့ သူငယ်ချင်းတစ်ယောက်က အော်တယ်။
"ဖယ်.. ဖယ်.. ဖယ်... အဲဒါ ကျွန်မအမျိုးသားပါ... ဖယ်ပေးကြပါ"လို့အော်ပြီး ရှေ့ကိုတိုးသွားတယ်။ ရှေ့ရောက်တော့ ကားတိုက်မိတာက ဝက်တစ်ကောင်ဖြစ်နေတာကို တွေ့လိုက်တယ်။
(၃)
အိမ်နီးချင်းကို "ဝက်" လို့ဆဲလိုက်တဲ့လူတစ်ယောက် တရားရုံးရောက်သွားခဲ့တယ်။ တရားသူကြီးက ဆဲမှုအတွက် သူ့ကို "၂ဝဝ" ဒဏ်ငွေခတ်တယ်။ အဲဒီမှာ ဆဲသူက မကျေမနပ်နဲ့ "အရင်တစ်ခေါက် တခြားတစ်ယောက်ကို ကျွန်တော် ဝက်လို့ဆဲတုန်းက ဒဏ်ကြေး ၁၅ဝပဲ ပေးခဲ့ရတယ်။ အခုဘာဖြစ်လို့ ၂ဝဝဖြစ်သွားတာလဲ!"လို့ဆိုတော့ တရားသူကြီးက "စိတ်မကောင်းဘူးကွာ... ခုတစ်လော ဝက်သားဈေးတွေ တက်နေလို့ပါ" တဲ့။ ဖတ်မိတာလေးပါ.. ဘာသာပြန်မျှဝေပါတယ်...

Labels:

အင်တာနက်ဆိုသည်မှာ ပိတ်ဆို့တားဆီးရန် မဟုတ်ကြောင်း စတင်တီထွင်သူကပြောကြား

0 comments


World Wide Web (WWW) ကို စတင်တီထွင်ခဲ့ သူ ဗြိတိသျှတီထွင်ပညာရှင် တင်မ် ဘာနာလီးသည် အစိုးရများအနေဖြင့် အင်တာနက် ပိတ်ဆို့တားဆီးမှုများကို လုပ်ပိုင်ခွင့်မရှိကြောင်း ဖွင့်ဟပြောကြားလိုက် သည်။

ဘာနာလီးက အင်တာနက်ကို ပိတ်ဆို့ခြင်းသည် အစိုးရများအနေဖြင့် မိမိတို့အုပ်ချုပ်ရေးတွင် အားနည်း ချက်ကို ပြနေကြောင်း၊ ဒစ်ဂျစ်တယ်အချက်အလက်စီးဆင်းမှုကို အုပ်ချုပ်သူများ ပိတ်ဆို့တားဆီးခွင့် မရှိ
ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

Labels:

ရေဆေး၊ ဆီဆေးပန်းချီပုံများ ရေးဆွဲနိုင်သော ArtRage Studio Pro (Latest Version)

0 comments

Canvas တစ်ခုပေါ်တွင် စုပ်တံအမျိုးမျိုးနှင့် ဆီဆေး၊ ရေဆေး၊ Sketch စသည့် ပန်းချီပုံများကို စိတ်ကြိုက်ပြီးပြည့်စုံစွာ ရေးဆွဲနိုင်သော ArtRage Studio Pro 3.0.7 Latest Version ဖြစ်ပါတယ်။ စုပ်တံဖိုး၊ ဆေးဖိုး၊ Canvas ဖိုးမကုန်ပဲ နှစ်သက်သလောက် ရေးဆွဲနိုင် သောကြောင့် ပန်းချီဝါသနာပါသူများအတွက် အထူးသင့်တော်ပြီး၊ Gif, Png, Tiff, Jpeg Format များအပြင်၊ Photoshop PSD Format အဖြစ်ပါ သိမ်းဆည်းနိုင်ပါတယ်။ ပါဝင်သည့် Tool များကတော့ Oil Brush, WaterColor, Palette Knife, Air Brush, Ink Pen, Paint Roller, Felt Pen, Paint Tube, Chalk , Glitter Tube စသည်ဖြင့် ပန်းချီနှင့်ပါတ်သက်သော Tool များစုံလင်အောင်ပါဝင်ပါတယ်။ Zoom Function, Redo/Undo Function များပါဝင်သောကြောင့် အသုံးပြုရလွယ်ကူပါတယ်။
                                 Graphic User Interface ကောင်းမွန်ပြီး၊ Full Screen Mode ပါအသုံးပြုနိုင်ပါတယ် ။ Download လုပ်ပြီးနောက် File ကိုပြန်ဖြည်၍ Install လုပ်ခါ Serial Key များကို ထည့်ပေးလိုက်ပါက Full Version အသုံးပြုနိုင်ပါတယ်။ Update ကိုပါပြုလုပ်ပေးနိုင်ပါတယ်။ 70 MB ကျော်ရှိပြီး၊ Window အားလုံးနှင့် Mac မှာ ပါအသုံးပြုနိုင်ပါတယ်။



လိုချင်ရင် ဒီမှာဒေါင်းလိုက်နော်

မူရင်းလင့်က ဒီမှာနော်

ဧရာဝတီသားလေး

Labels:

ခပ်ဆန်းဆန်း ခပ်လန်းလန်း ဆိုင်ကယ် ဦးထုပ်တွေ ဆောင်းကြဦးမလား

0 comments



Labels:

ပဟေဠိဆန်သော မြန်မာစာပေ အရေးအသား

0 comments

ဒီဆောင်းပါးက ကျွန်တော်ရေးသားထားခြင်း မဟုတ်ပါ။ အတွဲ (၁၀) အမှတ် (၉) စက်တင်ဘာ ၂၀၁၀ ထုတ် သူရဇ္ဇမဂ္ဂဇင်းမှ “လှမြင့် (ရန်ကုန်တက္ကသိုလ်) ရေးသားထားသော ဆောင်းပါးကို ဖတ်ပြီး ကြိုက်နှစ်သက်ပါသဖြင့် ပြန်လည်ကူးယူပြီး ဝေမျှ ဖော်ပြခြင်းသာ ဖြစ်ပါသည်။


=========================================

မန်မာစာပေ သမိုင်းတွင် တစ်ခါတစ်ရံ၌ စာဆိုအချင်းချင်းသော် လည်းကောင်း၊ စာဆိုက စာဖတ်သူတို့အား လည်းကောင်း ဉာဏ်စမ်းလိုခြင်းကြောင့် စာပေဖွဲ့နွဲ့ရာတွင် တိုက်ရိုက်ရောဖွဲ့မှု မပြုဘဲ အတွေးအခေါ် စိတ်ကူးဉာဏ် ကြွယ်ဝစေရန် ရည်ရွယ်လျက် ပဟေဠိဆန်သော အရေးအသားမျိုးဖြင့် ရေးသားမှု ပြုခဲ့ကြသည်။ မြန်မာစာပေတွင် ပဟေဠိဆန်သော အရေးအသား ရေးနည်းများစွာ ရှိခဲ့သည်။

အတိတ်ခေတ် မြန်မာစာပေတွင် ပဟေဠိဆန်သော အရေးအသားမျိုးကို ရတု၊ ရကန်၊ မော်ကွန်း၊ ပျို့၊ ဧချင်း စသော ကဗျာ လင်္ကာများ၌ အလျဉ်းသင့်သည်နှင့် အမျှ ထည့်သွင်း ဖွဲ့ဆိုမှု ပြုသကဲ့သို့ တစ်ခါတစ်ရံ၌ ပဟေဠိဆန်အောင် တီထွင်ရေးသားနည်းကိုလည်း အသုံးပြုခဲ့ကြသည်။ ပဟေဠိဆန်သော မြန်မာ အရေးအသားနည်းသည် တစ်ဦးနှင့် တစ်ဦး ဉာဏ်စမ်းခြင်းသဘော၊ တစ်ဦးထံတစ်ဦး လျှို့ဝှက်စာရေးခြင်း သဘောဟု ဆိုသင့်သည်။

အတိတ်ခေတ် မြန်မာစာပေ၏ အသုံးများခဲ့သော ပဟေဠိဆန်သည့် စာပေရေးနည်းများကား ဒူးဂဏန်းရေးနည်း၊ ကျေးဂဏန်းရေးနည်း၊ ကျောက်စာ ဂဏန်းရေးနည်း၊ ပိတုန်းပျံဝဲရေးနည်း၊ ဝါးခွဲရေးနည်း၊ ကြာရေးနည်း၊ ပိဋကတ် သင်္ချာရေးနည်း၊ မှောင်စာရေးနည်း စသည်တို့ဖြစ်သည်။

ဒူးဂဏန်းရေးနည်း ဟူသည် ‘က၊ ခ’ စသော အက္ခရာများ၏ နေရာတွင် ‘၁၊ ၂၊ ၃’ စသော သင်္ချာကိန်းဂဏန်းများကို ဖလှယ်အသုံးပြု ရေးနည်းဖြစ်၏။ ဖလှယ်အသုံးပြု ရေးရာတွင် နည်းစနစ်ရှိသည်။ သတ်မှတ်ချက် ရှိသည်။ ယင်းနည်းစနစ် သတ်မှတ်ချက်များကို


Labels:

ဘလော့ရဲ့ Newer Post......Home.....Older Post တွေအလုပ်မလုပ်ခဲ့ရ

0 comments

 ဘလော့မိတ်ဆွေများအတွက် တခါတရံမှာ တွေ့ရခဲတဲ့ ပြဿနာလေးတစ်ခုအကြေင်းပြောပြခြင်ပါတယ်.. အဲတာကတော့ ရှားရှားပါးပါးဖြစ်တတ်တာပါ... ဘလော့ရဲ့ အောက်ခြေက



 အဲလိုလေး  Newer Post...............Home............Older Post
ဆိုတာလေးဘေလာ့တိုင်းမှာ ရှိပါတယ်..အဲတာလေး အလုပ်မလ်ုပတော့ဘူးဆိုတဲ့ ပြဿနာအတွက်
ပါ...ဖြစ်တော့ဖြစ်တတ်ခဲပါတယ်.. ဖြစ်ခဲ့ရင် လိုအပ်သလို သုံးဖို့ တင်လိုက်ရပါတယ်..

လုပ်နည်း ။               ။
►1-  Blogger Singin ၀င်လိုက်ပါ။
►2-  DASHBOARD ကိုသွားလိုက်ပါ။
►3-  LAYOUT    ကိုကလစ်ပါ..။
►4-  EDIT HTML  ကိုဝင်ပါ.. Process ကိုကလစ်ပြီးဆက်ဝင်လိုက်ပါ။
►5-  EXPAND WIDGET TEMPLATES ကိုအမှန်ခြစ်ပေးဖို့မမေ့ပါနဲ့နော်...။
►6-  Ctrl+F အကူညီဖြင့် ပေးထားတဲ့ ကုဒ်ကို ရှာလိုက်ပါ။

Labels:

မာန နဲ့ အပြိုင်

0 comments

မှန်ထဲမှာ မြင်နေရတဲ့ ပုံရိပ်ကို မမှိတ်မသုံ စိုက်ကြည့်နေမိသည် ။ မှန်ထဲက မြင်နေရသူ နဲ့ အပြင်ကသူတစ်ယောက်ထဲဆိုတာ ဟုတ်ရဲ့လား ။ ကျေနပ်ကြည်နူးခြင်းတွေနဲ့ အတူ လွမ်းမောခြင်းတွေကပါ ကပ်ငြိပါလာခဲ့တယ် ။ လွမ်းမောခြင်းကို သက်သေတည်စေတဲ့ အလွမ်းမျက်ရည်တွေ ပြည့်နှက်နေတဲ့ မျက်ဝန်းတစ်စုံက မှိတ်ချလိုက်တဲ့ အချိန်မှာ တော့ ဘာကြောင့်မှန်းမသိတဲ့ မျက်ရည်စက်တွေက ပါးပြင်ပေါ်ကို အတားစီးမဲ့စွာ ပြိုဆင်းလာကြပါတော့သည်။
လွန်ခဲ့သော 6လလောက်က သိပ်ကိုစိတ်ပျက်ဖို့ကောင်းတဲ့ ၀၀ဖိုင်ဖိုင် ခန္ဓာကိုယ် တစ်ခုကို မလိုချင်ဘဲ ပိုင်ဆိုင်ခဲ့ရဘူးတယ်။ လူတကာရဲ့ ၀လိုက်တာနော် ဆိုတဲ့စကားသံတွေကို မကြားချင်ဘဲ ခဏခဏ ကြားခဲ့ရတယ် ။ လှလှပပ အ၀တ်စားလေးတွေ တွေ့တိုင်း ကိုင်ကြည့်ယုံနဲ့ ကျေနပ်နေခဲ့ရတယ် ။ သိပ်ချစ်ပါတယ်လို့ ပြောခဲ့တဲ့ ခင်ပွန်းသည်ရဲ့ဆိုက်ကယ် နောက်တော်ပါးမှာ လိုက်ခွင့်မရခဲ့တာ ကြာခဲ့ရပါပြီ ။ သိပ်ချစ်လို့ လက်ထပ်ခဲ့ကြတယ် ။ အိမ်ထောင်ကြပြီး 3လအကြာဘဲ မထင်မှတ်လောက်အောင် ၀လာလိုက်တာ 195ပေါင်တိတိ ဖြစ်လာတဲ့ ကိုယ့် ခန္ဓာကိုယ် ကို မှန်ထဲတောင် မမြင်ချင်မိလောက်အောင် စိတ်ပျက်စေခဲ့ပါတယ် ။ လှချင်တဲ့ စိတ်ရှိပေမယ့် ဆန္ဒပြင်းပြစွာ ပိန်ချင်တာမျိုးတော့ မရှိခဲ့ပါဘူး ။ ယောကျာင်္းအပြင်သွားလို့ မခေါ်တိုင်းလဲ သူပေးတတ်တဲ့ အကြောင်းပြချက်တွေကို လက်ခံ ယုံကြည်နေမိတယ် ။ ဒီလိုနဲ့နေလာလိုက်တာ ပတ်ဝန်းကျင်အလည်မှာ ပုံဆိုးပန်းဆိုး ၀တုတ်မကြီး ဘ၀ကို ရောက်မှန်းမသိကို ရောက်လာခဲ့ရပါတော့သည်။
အိမ်ထောင်တစ်ခုမှာ မိန်းမတစ်ယောက်ရဲ့ အိမ်တွင်းမှုနိုင်နင်းခြင်း ၊ သန့်ရှင်းသပ်ရပ် စမတ်ကျခြင်းဆိုတဲ့ အချက်တွေက ယောကျာင်္းတစ်ယောက်ကို ကောင်းကောင်းကြိုးကိုင်နိုင်တယ်ဆိုတာတွေကိုလည်း သတိမမူမိခဲ့ပါဘူး ။ စားချင်တာတွေ စားလိုက် အိပ်လိုက် နေလာလိုက်တာ မောင် နဲ့ ကျွန်မ ဝေးမှန်းမသိဝေးကွာ လာတယ်ဆိုတာကို သိလိုက်ရတဲ့ နေ့က သိပ်ကိုနောက်ကျနေခဲ့ပါပြီ။ မိုးလင်းကနေ မိုးချုပ်တိုင် အိမ်မှာအနေများသူကျွန်မ နဲ့ အပြင်ကို  မကြာခဏထွက်ရတဲ့ မောင်။ မောင် နောက်ကို တခါတရံမှာ ကျွန်မလိုက်ချင်ပေမယ့်  အကြောင်းပြချက်ပေါင်းများစွာနဲ့ ဖယ်ရှောင်တတ်သူကို အပြစ်ရယ်လို့လည်း မတွေးခဲ့မိပါဘူး ။
တစ်နေ့မှာတော့ မေမေတို့နဲ့ တူတူ လင်မယားနှစ်ယောက်လုံး ရန်ကုန်ကို လိုက်လာခဲ့ကြဧ။် ။ ရန်ကုန်ရောက်တော့ ညနေစောင်းချိန်ကိုရောက်နေပါပြီ။ ကျွန်မတို့ နေတာက တရုတ်တန်းနားမှာနေတာမို့ ညဆို အရမ်းစည်ပါတယ် ။ ရေချိုး အ၀တ်စားလဲပြီးတော့
*မိန်းမရေ  မောင် အောက်ဆင်းပြီး ၀က်သားတုတ်ထိုး ဆင်းစားအုံးမယ်*
*ကျွန်မလဲ လိုက်ချင်တယ် မောင်*
*အာနေခဲ့ပါကွာ ။ ပြီးမှ ကိုယ်ဘာကို ဆင်းစားပါကွာ ။ သွားပြီ *

ပြောလဲပြော သွားလဲသွားပါပဲ။ ထုံးစံအတိုင်း အစဉ်လာမပျက် ကျွန်မကတော့ ကျန်နေမြဲပေါ့လေ ။ မောင် ထွက်သွားတဲ့နောက်ကျောကို ငေးမောရင် သက်ပြင်းတွေကိုတာ အခါခါ ချမိလိုက်ပါတော့သည်။

*အောင်မလေးနော် ..မပြောချင်လို့ ကြည့်နေတာ ကြာပြီ။ လူးပါးဝလွန်းတယ်။ ငါသမီးကိုများ မစားကောင်းတဲ့ အသီးလိုဘဲ ။ မိတွေ ငုတ်တုတ်ရှိနေတာတောင် ဆက်ဆံပုံက အချိုးမပြေဘူး *

ရုတ်တရက်နောက်က ပေါ်လာတဲ့ မေမေ အသံကိုကြားလိုက်ရတော့မှ သတိဝင်လာပြီး မေမေကို နှစ်သိမ့်  ပြုံးပြလိုက်မိပါသည်။

* ပြုံးနေနိုင်သေးတယ်နော် ။ သမီးရယ် ငါသမီးလေး အိမ်ထောင်ကျထဲက အရင်ပုံစံလေးကို ပြန်တောင် အစကောက် လို့မရတော့ပါလားကွယ် ။ သမီးယောကျာင်္း ကိုလည်း မျက်စိထဲ တော်တော်လေးကို ထောက်မတွေ့တော့ဘူးကွယ် ။ မိဘတွေရှေ့တောင် ဒီလိုဆက်ဆံနေတာ  အမေရင်ထဲ မချိဘူး ။ သမီး ပိန်အောင်လုပ်စမ်းအေ ။ လှချင်တဲ့ စိတ်နည်းနည်းလေးတောင် မရှိဘူးလားကွယ် *
*သြော် ! လှချင်တာပေါ့ မေမေရယ် ။ ဘယ်သူက ခိုလို ပုံးဆိုးပန်းဆိုးဖြစ်ချင်မှာလည်းလေ*
*ခက်ပါတယ်အေ ။ ယောကျာင်္းဆိုတဲ့အမျိုးကလည်း လူတိုင်းနီးပါး အလှမက်ကြတယ်လေ ။ မလှရင်တောင် သေသေသပ်သပ်လေး ရှိစေချင်ကြတယ်အေ့ ။ ငါတော့ ရင်မောပါတယ် *

မေမေက ပြောပြောဆိုဆို အခန်းထဲကို ထထွက်သွားပါသည်။ မေမေတို့လည်း ကျွန်မအတွက် တော်တော်လေး စိတ်ဆင်းရဲနေကြရတယ်။ ကျွန်မ ပိန်ဖို့ အတွက်ဆိုလည်း ကုန်လိုက်တဲ့ ပိုက်ဆံတွေ မနည်းတော့ပါဘူး ။ ဘယ်လိုဘဲ လုပ်လုပ် ကျွန်မကတော့ ၀မြဲဝနေတော့တာပါပဲ ။
**********************************

ဝနေတဲ့ ခန္ဓာကိုယ် အတွက်နောင်တရ ရကောင်းမှန်းလဲ မသိခဲ့မိပါဘူး။ ဒီလိုနဲ့ အေးစက်စက် ဖြစ်မှန်းမသိ ဖြစ်လာတဲ့ ကျွန်မတို့ အိမ်ထောင်ရေးကို အက်ကြောင်းထင်စေခဲ့တဲ့ နေ့လေးတစ်နေ့ကို ရောက်ရှိလာစေခဲ့ပါတော့သည် ။
ညကအေးစက်သော လေပြေလေညင်းလေးတွေကို သယ်ဆောင်လာကြပေမယ့် ကျွန်မရင်ထဲထိရောက်အောင်တော့ အေးမြခြင်းတွေကို မပေးစွမ်းနိုင်ပါဘူး ။ ခုချိန်ထိ မောင်ပြန်မလာသေးပါလား ။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတစ်ခု မဖြစ်မနေ ထားသင့်တယ် မဟုတ်ဘူးလားမောင်ရယ် ။ တစ်ယောက်ထဲနေရတဲ့ အချိန်တွေ များလာတော့ ကျွန်မရင်ထဲ တိတ်တဆိတ်မျှော်လင့်မိတဲ့ ဆန္ဒလေးတစ်ခုက ပိုမိုလို့ ပြည့်ချင်စိတ်တွေ အားကြီးလာခဲ့တယ်မောင် ။ ကျွန်မမောင်ကို အမြဲနားလည်ပေးခဲ့တယ် ။ မောင် ထားတဲ့ မောင်နဲ့ ဝေးမှန်းမသိဝေးနေတဲ့ နေရာလေးတစ်ခုမှာ ကျွန်မနေပေးခဲ့ပါတယ် ။ ဒါတွေကို အသိမှတ်ပြုဖို့တောင် မောင်သတိမရခဲ့ဘူးမလားဟင်။ ဒီည မောင်ပြန်လာရင်တော့ ကျွန်မတို့ ဆွေးနွေးမှ ဖြစ်တော့မယ် ။
အတွေးတွေနဲ့ လွမ်းမောနေတဲ့ ကျွန်မအာရုံတွေကို မောင်ဆိုက်ကယ်သံက ထိုးဖောက်ဝင်ရောက်ချိန်မှာ ကျင့်သားရနေတဲ့ ခြေထောက်တွေက မောင်ကိုကြိုဆိုဖို့ စတင်လှုပ်ရှားနေပါပြီ။ မောင်က ကျွန်မကိုတွေ့တာ နဲ့ တာဝန်ကျေ အသက်မပါတဲ့ အပြုံးတစ်ခုကို တန်ဆာဆင်ပြုံးပြဧ။် ။ အခန်းထဲရောက်တာနဲ့ ရေချိုး အ၀တ်စားလဲ ပြီးတာနဲ့ အိပ်ယာပေါ်လဲချလိုကတဲ့ မောင်ကို ကျွန်မ ပြန်ထိုင်စေရန် ထူလိုက်မိပါတယ် ။

*ဘာလုပ်တာလဲ ……..အိပ်တော့မယ်လေကွာ*
*ကျွန်မ မောင်နဲ့ စကားပြောစရာတွေ ရှိနေတယ်မောင်*
*စကားပြောချင်တာဘဲကွာ ဒီတိုင်းပြောလဲ ရနေတာကို*
*မောင်ရယ် ရှင် ကျွန်မကို အချိန်မပေးတာ တော်တော်ကို ကြာခဲ့ပါပြီ။ ခုပြောမှာတွေကိုတော့
အချိန်ပေး နားထောင်စေချင်လို့ပါ *
*ကဲ ဘာတွေပြောချင်နေလဲ ။ ပြောပြော*
*ကျွန်မကို မောင်ဥပက္ခပြုတာတွေ အရမ်းများလာပြီမောင် ။ ကျွန်မသည်းခံခဲ့ပါတယ် ။ ခုတော့ ကျွန်မ သူငယ်ချင်းတွေ ၊ မိဘအသိုင်းဝိုင်း ၊ ပတ်ဝန်းကျင်တစ်ခုလုံးကပါ ပြောကုန်ကြပြီမောင် *
*ဟာကွာ ! လူတွေ အားအားယားယား အတင်းပြောနေတာတွေကို မင်းမို့ ခေါင်းထဲလိုက်ထည့်နေတယ် ။ခက်လိုက်တာ*
*သူတို့ပြောတာ မလွန်ဘူးမောင် ။ ကျွန်မက မောင်ကို ချစ်တဲ့စိတ်တစ်ခုနဲ့ မောင် ပေးတဲ့ဆင်ခြင်တွေကို မျက်စိမှိတ်ယုံနေခဲ့ပေးတာပါ ။ ဒါပေမယ့် မောင်ရယ် ခုတော့ မောင် နဲ့ ကျွန်မက ဝေးမှန်းမသိ ဝေးနေရပြီမောင် ။ တအိမ်ထဲနေပြီး အဝေးကြီးဝေးနေတယ် ။ ကျွန်မ မောင်ကို သိပ်ချစ်တယ်ဆိုတာ မောင် အသိဆုံးပါ ။ ကျွန်မနားမှာ မောင်ထက်သာတာတွေ တပုံကြီးကို ထားပြီး မေမေ တို့ လုံးဝသဘောမတူတဲ့ မောင်ကိုမှ ကျွန်မက မြတ်မြတ်နိုးနိုး ရွေးချယ်ခဲ့တာပါမောင် *
 * ဟားဟ ! ဟုတ်ပါတယ်ကွာ ။ သာတာတွေ ထားပြီး ငါကိုရွေးချယ်ခဲ့တယ်နော် ။ အေး ခုချိန်မှာ မင်းကို ရူးရူးမူးမူး ဖြစ်ခဲ့တဲ့အကောင်တွေကို ခေါ်ပြီး မင်းခုပုံကို ယူမလားမေးကြည့်လိုက်စမ်းပါအုံး ။ မင်းပုံ မင်းမှန်ထဲသေချာ ပြန်ကြည့်ပြီးမှ ခုနစကားကို ပြောဖို့ကောင်းတယ်ကွာ *
ကျွန်မပြန်ပြောဖို့ စကားတွေ လုံးဝ နှုတ်ဆိတ်သွားခဲ့တယ် ။ ပြောထွက်တဲ့ မောင်နှုတ်ဖျားကစကားသံတွေ ၊ ကျွန်မကို မောင်ကြည့်လိုက်တဲ့ အထင်သေး မှုမျက်လုံးတွေ က ကျွန်မရင်ထဲက ပုန်းလျှိုးနေတဲ့ မာနတွေကို တူးဆွ ဖော်ထုတ်လိုက်ကြပါပြီ။ မောင်ကို ချစ်နဲ့ ချစ်ခြင်းတွေက ကျွန်မ မာနတွေနဲ့ ပြိုင်ဆိုင်လိုကတဲ့ အချိန်မှာ နောက်ကျ ကျန်နေခဲ့ပါပြီ ။ မောင်ကတော့ ပြောချင်တာတွေကို စကားနိုင်လုပြောခဲ့စေသလား ၊ တမင်ကိုပြောချင်လို့ ပြောခဲ့ခြင်းမျိုးလားဆိုတာကတော့ ကာကယံရှင် မောင်ကိုယ်တိုင်တာ အသိဆုံးဖြစ်ပါလိမ့်မည် ။ ပြောချင်တာတွေ ကျေနပ်အောင် ပြောပြီး မောင်က နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့ပေမယ့် ကျွန်မမှာတော့ တညလုံးအိပ်မပျော်နိုင်ခဲ့ပါဘူး ။
မိုးလင်းခံနီးအချိန်မှာတော့ ကျွန်မဆီမှာ တိကျသေချာတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ပိုင်နိုင်စွာ ချလိုက်နိုင်ပါပြီ။ ဆုံးဖြတ်ချက်နဲ့အတူ မောင်နဲ့ အဝေးဆုံးကို ကျွန်မ ထွက်ခွာလာခဲ့ပါတော့သည်။
*******************************************
အားလုံးကို ရှောင်နေခဲ့တာ  ခုဆို 6လ တင်းတင်း ပြည့်ခဲ့ပြီမို့  အိမ်ကို ပြန်ဖို့ အချိန်လည်းတန်ခဲ့ပါပြီ။ ကျွန်မဖြစ်ချင်တာလေးတွေကို
လည်း ဖြစ်ခွင့်ရခဲ့လေပြီ ။ မြို့လေးကို ပြန်ရောက်တာနဲ့ မေမေတို့ဆီဘဲ တန်းတန်းမတ်မတ် ပြန်လာခဲ့မိပါသည် ။ အိမ်ထဲကို
ဝင်လိုက်တယ်ဆိုဘဲ
 * အမ ဘယ်သူနဲ့တွေ့ချင်လို့ပါလဲ *

ဆိုတဲ့ ညီမ၀မ်းကွဲလေး အသံကို ကြားလိုက်ရပါတယ် ။ ကျေနပ်ခြင်းတွေ ရင်ထဲမှာ ပျော်ဝင်စီးမျောသွားပါတော့သည်။ ကျွန်မကို ဘယ်သူမှ မမှတ်မိကြပါလား ။ ကျွန်မ မောင်ကို ထားရစ် ခဲ့တဲ့ 6လအတော်တွင်းမှာ ပြင်းပြင်းထန်ထန် ၀ိတ်ချခဲ့ပါတယ် ။ အရင်က 195 ပေါင်တိတိ ရှိတဲ့ ကျွန်မ ခန္ဒာကိုယ်က ခုဆိုရင် 135ပေါင်တာရှိပါတော့တယ် ။ ကျွန်မ သိပ်ဝတ်ချင်ခဲ့တဲ့ အ၀တ်စားတွေ အားလုံးလည်း ၀တ်လို့ရခဲ့ပါပြီ။