လူ တယောက် ရဲ့ …အဆင့်အတန်းကို ဘာနဲ့ တိုင်းတာကြတာလဲ ။အသက် ၂၀ ကျော်လာပြီ
ဆိုတော့ …လူကြီး ဖြစ်ပြီလို့ လဲ ပြော လို့ ၇သလို ။ ခု အချိန်ထိ စိတ်ပူ
တတ်တဲ့ မိဘ လက်အောက်မှ နေ၇ တုန်းမို့ အပြင်ပန်း ဗဟုသုတတော့ နည်းပါတယ် ။
ဒါပေမဲ့ သွားခဲ့ ဘူးတဲ့ ခ၇ီး စဉ်လေး တွေကို အခြေ ခံ ပြီး သိခဲ့ ၊
မြင်ခဲ့တဲ့ လူ့ အဆင့်အတန်း ကွာ ခြားချက်လေးကို ပြောပြချင်ပါတယ် ။ မှန်လား
မှားလားတော့ ဝေဖန်ပေးကြပါနော် ။ ကျွန်မ က တော မကျ မြို့ မကျ မြို့လေး
တမြို့မှာ မွေးဖွားခဲ့ပါတယ် ။ ကလေးဘ၀ တုန်းက ဆို ရန်ကုန် မှာ
အရမ်းနေချင်ခဲ့ပါတယ် ။ ရန်ကုန်သွားရ ရင် အသစ် အဆန်းတွေ မြင်ရ ၊ စားရ နဲ့
အရမ်းကို ပျော် ခဲ့ပါတယ် ။ ကလေးဘ၀ ရဲ့ စိတ်ကူးရင် အိမ်မက်တွေဟာ မြို့ပေါ်က
လူတန်းစား တွေကို အားကျ အထင်ကြီး ခဲ့ပါတယ် ။ ဒီလို နဲ့ အသက်အရွယ်လေး
ရလာတော့ …. လူ တွေ ၇ဲ့ သဘော သဘာဝ တွေ ကို နည်းနည်းလေး လောက်တော့ တီး ခေါက်
ကြည့်နိုင် ခဲ့ပြီ ထင်ပါရဲ့ ။
အကြောင်းအမျိုးမျိုး ကြောင့် ရန်ကုန် အပါအ၀င်
မြို့ကြီး တွေကို ရောက်ခဲ့ပါတယ် ။ မြို့ပြလူနေမူ စနစ်ကို လေ့လာခဲ့ရပါတယ် ။
မြို့ပေါ်မှာ နေသူများဟာ ငွေကြေးတတ်နိုင်သူများ ဖြစ်ကြတဲ့ အတွက် ကိုယ့်
အိမ်ကို တံခါးပိတ် မသိသလို နေတတ်ကြပါတယ် ။ ညီမတို့ မြို့လေးတွေ မှာဆို လူ
အသစ်ပြောင်းလာ လျှင် မိတ်ဖွဲ့ ကြ ၊ မုန့် လုပ်စားရင် တအိမ်နဲ့ တအိမ် ပို့
ကြနဲ့ အရမ်းကို ရင်းနှီးကြတာပါ ။ စေတနာ ဆိုတာ အသွားအပြန် ရှိတယ်လေ ..ဒါမှ
ကျန်းမာရေး ၊ သာရေး ၊ နာရေး ..တွေမှာ အချင်းချင်း ကူညီ
ရိုင်းပင်းတတ်ကြတာပေါ့ ။ လူဆိုတာ တစ်ဦးတယောက် ထဲ နေလို့ မရတဲ့ အခါတွေ
ရှိပါတယ် ။ ဥပမာ ကျန်းမာရေးပေါ့ ။ ပါတ်ဝန်းကျင်ကောင်းမူ ကြောင့်
အဆင်ပြေသွားတာတွေ အများကြီးပါ ။ ခုလို မသိသလို နေကြတဲ့အခါ …၀င်ဓါးပြ
တိုက်နေလဲ မသိသလို ပါပဲ ။ အိမ် ထဲမှာ မူးလဲ နေရင်လဲ ဘယ်သူမှ မသိလိုက်ရ ပဲ
အသက်ပါ ဆုံးရှုံး သွားနိုင်တာပေါ့ ။ အလှူ အတန်း လုပ်ရင် လာစားတဲ့လူ
နည်းလှပါတယ် ။ ကျွန်မ တို့  တော မှာဆိုရင် အလှူဆို ၀ိုင်းကူုမဲ့လူ တွေ လဲ
အများကြီး နဲ့ လာစားတဲ့ လူတွေက အုပ်အုပ် ကျက်ကျက်ပါပဲ ။ အလွန် ပီတိ
ဖြစ်ဖို့ ကောင်းပါတယ် ။ ခု နောက်ပိုင်းဆိုရင် ရန်ကုန်ကလူတွေ အလှူ
လုပ်ချင်ရင် ရွာတွေ ကို လာ လုပ်ကြရပါတယ် ။ အေးချမ်းတဲ့ တောဓလေ့က ဖြူစင်မူ
အတိနဲ့ပါ ။ မြို့ပေါ်မှာ လူစည်ကားသော အလှူက ။ အလှူ မမည်သော ပါတီပွဲများသာ ပါ
။ ယှဉ်ပြိုင်မူတွေ နဲ့ မာန်မာန တွေ ဖုံးလွှမ်းနေတာမို့ ပိုက်ဆံသာ ကုန်၍
အကုသိုလ် သာ တိုးတက်လာမှ အသေအချာပါပဲ ။ အဆင့်အတန်းမြှင့်တဲ့
..မြို့ပြလူနေမူ စနစ်ဆိုတာ ဒါလားလို့ ..စဉ်းစား စ ပြု လာရပါပြီ ။ ရှေးရှေးက
…ကြီးသူကို ရိုသေ ရတာဟာ ကျမ တို့၇ဲ့ ယဉ်ကျေးမူ တရပ်ပါ ။ ခုတော့ ….တောရော
မြို့ပါမကျန် ပြောင်းလဲ လာရတဲ့ ယဉ်ကျေးမူက တော့ ..ငွေ ရှိသူကို ရိုသေ လို့
ပြောရမလို ပါပဲ ။ ညီမတို့ အိမ် ပတ်ဝန်းကျင်မှာမှာ သူဌေး တွေ အိမ် ၇ှိပါတယ် ။
သူ တိုမှာ သားယောင်္ကျားလေး (၃) ယောက် ရှိပါတယ် ။ ချမ်းသာ သူတွေ ဆိုတော့
..အလုပ် သမားတွေ အများကြီးပေါ့ ။ အိမ်က အလုပ် သမားတွေက အဲ့ဒီ ကလေး
သုံးယောက်ကိုပါ ကြောက် နေ၇ပါတယ် ။ ကိုယ့် အဖေ၊အမေ အရွယ် လူကြီးတွေကို
..ကလေး တွေက နင်၊မဲ ငစ ပြောဆိုနေတာတွေ လက်တွေ မြင်နေရတော့ ..ညီမ ရင်ထဲ
မချိပါဘူး ။ ယဉ်ကျေးမူ ဆိုတာ လုံးဝ ပျောက်ဆုံးနေပါပြီ ။ သူ့တို မိဘ တွေက လဲ
မြင်ရဲ့သားနဲ့ ကြည့်နေကြပါတယ် ။ တချိန် သူတိုပဲ အုပ်ချုပ်ရမှာမို့
…ထက်မြက်လာမဲ့ သဘော မို့ ကြည့်နေတာတဲ့ ။ မာန် လိုက် ရင် ..ကလေးက ကြောက်
စိတ် ၀င်သွားမှာ စိုးလို့ တဲ့ ။ ဒါဆို …လူ့ အဆင့်အတန်းဆိုတာ ..ပိုက်ဆံ
လားလို့ တောင် မေးရ မလို ဖြစ်နေပါ ပြီ ။ ရှေးလူကြီးတွေ ဆုံးမ ခဲ့တဲ့ လူ
ဆိုတာ အဆင့်အတန်းရှိအောင်နေရတယ် ။ အဆင့်အတန်းဆိုတာ လူ့ ရဲ့ တန်ဖို့ ပဲ တဲ့ ။
ကျွန်မ တို …မှတ်သားခဲ့ရတဲ့ …ေ၇ှးစကားလေးပါ ။ လူ့ အဆင့်အတန်းဆိုတာ လူ
ပေါ်မှာပဲ မူတည်တယ် တဲ့ ။ ချမ်းသာ တာ ၊ ဆင်းရဲ တာနဲ့ မဆိုင်ဘူးတဲ့ ။
ချမ်းသာတဲ့ လူ တိုင်း အဆင့်အတန်း မရှိနိုင်သလို ၊ ဆင်းရဲ တဲ့သူတွေ မှာလဲ
အဆင့်အတန်း ရှိသူတွေ အများကြီး တဲ့ ။ ခေတ် ကာလ ပဲ ပြောင်းလွဲ သွားတာလား ။
ညီမက ပဲ အမြင်စောင်းသွားတာ လားတော့ မသိပါဘူး ။ လူ့ အဆင့် အတန်း ကို ….ဘာနဲ့
တိုင်းတာ ကြမှာလဲ …။ ပိုက်ဆံ ရှိသူတွေ ဆို ..ဘာလုပလုပ် တင့်တယ်နေတတ်ကြပြီး
၊ ပိုက်ဆံက သူ့ရဲ့ အမှားတွေ အားလုံးကို ဖုံး အုပ်နိုင်စွမ်း ရှိနေပါတယ် ။
ငွေ ကြေး အင်အားနည်းသူတွေက လဲ ကိုယ့် အဆင်ပြေရေးအတွက် ငြိမ်ကြည့် နေကြရ တဲ့
အချိန် ဖြစ်နေပါပြီ ။ေ၇ှးမြန်မာ့ ယဉ်ကျေးမူဖြစ်တဲ့ ကြီး သူကို ရိုသေ ၊
ငယ် သူကို လေးစား ၊ စည်းကမ်း သည် လူ ၏ တန်ဖိုး ။ စတဲ့ ပေတံတွေ နဲ့ တိုင်းတာ
ခဲ့ ကြတဲ့ ကျမ တို့ ရဲ လူနေမူ အဆင့်အတန်းကြီးဟာ ပျောက် ကွယ် လု နီးနီး
ဖြစ်နေခဲ့ပါပြီ ။ လူ့ အဆင့်အတန်း ကြီး မကွယ် ပျောက် အောင် ထိန်းသိမ်း
ကြဖို့ ..လူ တယောက် ခြင်းစီ မှာ တာ ၀န် ၇ှိပါတယ် ။ ပျက် စီး နေကြ သူတွေ ထဲ
ကို …ကိုယ် ပါ ရော မပါ သွား အောင် ..ကြိုးစား ရင်းဖြင့် …. ကိုယ့် ရဲ့
..အဆင့် အတန်း ကို …ထိန်း သိမ်း ကြပါစို့ နော် ။
ဧရာဝတီသားလေး
Labels:
အတွေးအမြင်
လူ. အဆင့်အတန်း
Posted by
moon
Saturday, October 6, 2012
Subscribe to:
Post Comments (Atom)
Blog Subscription
Search this blog
linkwithin.
asdad
My Right Time
Labels
မန်ဘာဝင်ရန်
Popular Posts
-
အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ ဒီပို့ စ်လေးကနည်းနည်းရိုင်းတယ်ထင်ရင်လည်း ခွင့်လွတ်ပေးပါ။ကျွန်တော်က အားလုံးဗဟုသုတရစေရန်ရည်ရွယ်ပီး ရှာတင်ထားတာ...
-
ရှက်ပါတယ်ဗျာ.. ပြန်ပြောရမှာ .. ။ ဒါပေမဲ့လည်း မပြောပဲလည်း မနေနိုင်ပြန်ဘူး။ တစ်သက်မှာ တစ်ခါ မိန်းမ ခိုးပြေးတဲ့ ကိစ္စဆိုတော့ .. ဒါ...
-
လောင်မြေအတွင်း ပေါင်းတွေရှင်း မြေင်းရေးသွင်းခဲ့ မြတ်ဆရာ။ မြတ်ပန်းလွာဂုံ ဆန်းဖြာထုံခဲ့တာ မြတ်ဆရာ။ တက်စေချင်မြတ်စေချင် လာဘ်တွေမြင်ခဲ့တာ...
-
၁၉၄၄ ခုနှစ် ဒုတိယကမ္ဘာစစ်ကာလ အတွင်း လီဒိုလမ်းမကြီးပေါ်ရှိ မဟာမိတ်စစ်သားများနှင့်အတူ...
-
ကိုယ့်ချစ်သူက သင့်ရဲ့ဖူးစာရှင် ဟုတ်မဟုတ် သိချင်ကြဘူးလား၊ နည်းကတော့ လွယ်လွယ်လေးပါ။ သင်ရယ်၊ သင့်ရဲ့ ချစ်သူမွေးနေ့သက္ကရာဇ် အားလုံးပေါင်ြး...
-
http://onlinepyadaik.com/profiles/blogs/4021190:BlogPost:276709#com... http://soneseeyar.ning.com/profiles/blogs/6523429:BlogPost:5085...
Write Down Anything
login မှဝင်ကာ facebook ဖြင့်ရေားနိုင်သလို guest ဖြင့်လည်းဝင်ရောက်ရေးသားနိုင်ပါတယ်..အကြံပြု ဝေဖန်နိုင်ပါတယ်နော်။
My Blogs List
-
-
နံနက်သဘင်10 years ago
-
-
မျိုးဆက်သစ် ရှင်(၁၀၀)ပြုပွဲ နှိုးဆော်လွှာ။11 years ago
-
-
-
-
-
-
-
Exchange Myanmar Money
!-end>!-foreign>
Download For You
- ♫♪ Alpha Zawgyi
- ♫♪ Alpha Zawgyi လက်ကွက်ပုံ
- ♫♪ Team Viewer လေးနဲ့ ချိတ်ကြမယ်
- ♫♪ ပုရပိုက်
- ♫♪ Zawgyi Font 32Bit
- ♫♪ Zawgyi Font 64Bit
- ♫♪ ဇော်ဂျီကီးဘုတ် အသစ်
- ♫♪ ဇော်ဂျီဖောင့်
- ♫♪VZO ဒေါင်းယူရန်
- ♫♪Mp3-Mp4 သီချင်းချုံ့ဆော့ဝဲလ်
- ♫♪GOM Player ဒေါင်းရန်
- ♫♪ မြန်မာသရီး
- ♫♪blogger help education
- ♫♪ မြန်မာဖေါင့်အလန်းစာတွေဒေါင်းယူရန်
- ♫♪ အရေးခက်သောစာလုံးများအလွယ်ရေးရန်
- ♫♪ Download နည်းများလေ့လာရန်
- Zaw Gyi – Home Page
Blog Archive
Powered by Blogger.
0 comments:
Post a Comment