လူတွေမှာကိုယ့်ကိုယ်ကို အထင်ကြီးသည့်စိတ်၊ကြွားဝါတတ်သည့်စိတ်၊
ကိုယ့်လူဘက်ကမသိမသာဖြစ်စေ၊သိသိသာသာဖြစ်စေ "လိုက်"ချင်တတ်သည့်
စိတ်တွေရှိတတ်ကြကြောင်း အားလုံးအသိဖြစ်သည်။တစ်ဖန် မိမိကိုယ်ကို
တော်တည့်မှန်ကန်သူ၊အဂတိလိုက်စားခြင်းကင်းသူအဖြစ် ခံယူလိုစိတ်လည်း
ရှိတတ်သေးသည်ဟုကျွန်တော်တို့ သိကြသည်။သို့ သော် တကယ်လက်တွေ့ မှာ
လူတွေဘယ်လောက်တော်တည့်မှန်ကန်ကြသလဲ။လူတွေလုပ်ထားသည့် သမာ
သမတ်အကျဆုံးသောအလုပ်တွေသည် တကယ်တမ်းဘယ်လောက် အဂတိကင်းစင်
ကြပါသလဲ။
Louis C.D Joos
ဆိုသည့်ပြင်သစ်လူမျိုးစာရေးဆရာတစ်ဦးကတော့ အဲသည်ကိစ္စကို သုသေသနလုပ်ကာ သူတွေ
့ရှိသည့်အဖြေတစ်ခုကိုတင်ပြသည်။
သူကကမ္ဘာ့ နိုင်ငံကြီးတစ်ချို့ မှဂုဏ်ယူစွာပြုစုထုတ်ဝေသည့် အမျိုးသားစွယ်စုံ
ကျမ်းကြီးခုနှစ်ကျမ်းကိုချကာ နှိုင်းယှဉ်လေ့လာခြင်းဖြစ်သည်။
စွယ်စုံကျမ်းဆိုသည်မှာက ဖတ်ကောင်းဖို့ ကိုအဓိကမထား အကြောင်းအရာကြွယ်ဝ
ပြည့်စုံဖို့ ၊အချက်အလက်တိကျမှန်ကန်ဖို့ သာအလေးထားသော ပင်မရည်ညွှန်း
ကျမ်းကြီးများဖြစ်သည်။သို့ သော် လုံးဝစိတ်ဒုံးဒုံးချအားကိုးယုံကြည်ရန် ဖြစ်နိုင်ပါ
မည်လော။ပထမဆုံးတစ်ချက် သူထုတ်ပြသည့် "ရေဒီယိုအကြောင်း"
ရေဒီယိုအကြောင်းကိုရုရှားစွယ်စုံကျမ်းတွင် ရုရှားပြည်ကစတင်တီထွင်ထားကြောင်း
ရေးထားတာတွေ့ ရသည်တဲ့ ။တီထွင်သူအမည်က ရုရှားလူမျိုးပိုပေါ့(A.S Popov)။
ဒါဖြင့် ရေဒီယိုကိစ္စနဲ့ ပတ်သက်ပြီး ကမ္ဘာမှာလူသိများနေတဲ့ အီတလီလူမျိုး
မာကိုနီ(Marconi)အကြောင်းကော သူတို့ မပြောဘူးလားလိုက်ကြည့်တော့
ရေဒီယိုပညာရှင်နှင့်လုပ်ငန်းရှင်လို့  ရေးထားသည်တဲ့ ။တီထွင်သူမဟုတ်။ရေဒီယိုပြင်
ဆရာလိုလို၊ ရေဒီယိုများလုပ်ကိုင်ရောင်းချစားသူလိုလို။
သို့ နှင့် မာကိုနီတို့ စွယ်စုံကျမ်းမှာလိုက်ကြည့်တော့ ရေဒီယိုတီထွင်သူအဖြစ်
မာကိုနီကိုသာဖော်ပြထားသည်။ဘာပဲဖြစ်ဖြစ် ဒီကိစ္စမှာရုရှားကတစ်မျိုး
အီတလီကတစ်ဖုံဖြစ်နေပြီ၊အဆုံးအဖြတ်ခံယူဖို့ 
အခြားတိုင်းပြည်ကစွယ်စုံကျမ်းကို
ကြည့်မှဖြစ်မည်ဆိုပြီး ဂျာမန်စွယ်စုံကျမ်းကိုကြည့်တော့ တီထွင်သူက သူတို့ လူမျိုး
ဘရောင်း(Karl F. Braun)တဲ့ ။
ကိုင်း... ဒါဖြင့် တခြားစွယ်စုံကျမ်းတွေမှာကော ဘယ်လိုရှိမလဲလိုက်ကြည့်တော့
ပြင်သစ်စွယ်စုံကျမ်းတွင် ပြင်သစ်လူမျိုး ဘရင်လီ(Branly)
ဗြိတိသျှစွယ်စုံကျမ်းတွင်ဗြိတိသျှလူမျိုး ဆာအော်လစ်ဗာလော့ခ်ျ(Sir Oliver Lodge)
ဒတ်(ချ)စွယ်စုံကျမ်းတွင် ဒတ်(ချ)လူမျိုး ဖလင်းမင်း(Fleming)
စသူတို့ ဖြစ်နေသည်။
ရေဒီယိုကိစ္စမှာတော့ကိုယ့်လူကိုယ်ရှေ့ တန်းတင်ပြီး တစ်ယောက်တစ်မျိုးပြော
နေကြပြီ၊လေယာဉ်ပျံအကြောင်းလိုက်ကြည့်ပြန်တော့ လေယာဉ်ပျံတီထွင်သူများ
အဖြစ်...
ရုရှား = မိုဇိုင်းစကီး(A.F Mozhaiskii)
ပြင်သစ် = အေဒါ(Clement Ader)
ဂျာမန် = အော်တိုလီလီယင်ကယ်(Otto Lilentgal)
ဗြိတိသျှ = ဆာဂျော့ခ်ျကေလေး(Sir George Caylay)
အမေရိကန် = ရိုက်ညီနောင်(Orville&Wilbur Wright) စသည်ဖြင့်ဖြစ်နေသည်။
လေယာဉ်ပျံကိစ္စနှင့်တစ်ဆက်တည်းဖြစ်နေသည့် ဟယ်လီကော့ပတာကိစ္စကို စူးစမ်းကြည့်ပြန်တော့
အီတလီ = ဖော်လင်နီနီ(Folanini)
ဂျာမန် = ဖော့က်(Focke)
ရုရှား = ဆီကော့စကီး(Sikorsky)
အမေရိကန် = ဆီကော့စကီး(Sikorsky) တဲ့ ။
ဟာ... ရုရှားရောအမေရိကန်ပါ ဆီကော့စကီးတွေချည်းဖြစ်နေပါလားဆိုပြီး
ကွဲပြားအောင်လိုက်ကြည့်တော့ အဲသည်ဆီကော့စကီးတစ်ယောက်တည်းပဲ၊
မူလကရုရှားမှာမွေးပြီး နောက်တော့အမေရိက ရောက်သွားသည် တဲ့ ။
စွယ်စုံကျမ်းကြီးတွေကိုအားမကိုးနှင့်၊မယုံကြည်နှင့်ဟုမဆိုလို။သူတို့ မှာလည်း
အတိုင်းအတာတစ်ခုထိတော့ တိမ်းစောင်းတတ်သော၊နီးစပ်ရာပါတတ်သော
သဘောရှိတာ သတိပြုဖို့ တင်ပြခြင်းဖြစ်ပါသည်။
စွယ်စုံကျမ်းပင်တိမ်းစောင်းတတ်သေးသည်ဆိုလျှင်.....။
တိမ်းစောင်းတတ်မှု နည်းနိုင်ကြပါစေ။
ဧရာဝတီသားလေး
Labels:
ဗာဟုသုတ
လူတွေဘယ်လောက်သမာသမတ်ကျကြသလဲ
Posted by
myintmyat
Saturday, October 6, 2012
Subscribe to:
Post Comments (Atom)
Blog Subscription
Search this blog
linkwithin.
asdad
My Right Time
Labels
မန်ဘာဝင်ရန်
Popular Posts
-
အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ ဒီပို့ စ်လေးကနည်းနည်းရိုင်းတယ်ထင်ရင်လည်း ခွင့်လွတ်ပေးပါ။ကျွန်တော်က အားလုံးဗဟုသုတရစေရန်ရည်ရွယ်ပီး ရှာတင်ထားတာ...
-
ရှက်ပါတယ်ဗျာ.. ပြန်ပြောရမှာ .. ။ ဒါပေမဲ့လည်း မပြောပဲလည်း မနေနိုင်ပြန်ဘူး။ တစ်သက်မှာ တစ်ခါ မိန်းမ ခိုးပြေးတဲ့ ကိစ္စဆိုတော့ .. ဒါ...
-
လောင်မြေအတွင်း ပေါင်းတွေရှင်း မြေင်းရေးသွင်းခဲ့ မြတ်ဆရာ။ မြတ်ပန်းလွာဂုံ ဆန်းဖြာထုံခဲ့တာ မြတ်ဆရာ။ တက်စေချင်မြတ်စေချင် လာဘ်တွေမြင်ခဲ့တာ...
-
၁၉၄၄ ခုနှစ် ဒုတိယကမ္ဘာစစ်ကာလ အတွင်း လီဒိုလမ်းမကြီးပေါ်ရှိ မဟာမိတ်စစ်သားများနှင့်အတူ...
-
ကိုယ့်ချစ်သူက သင့်ရဲ့ဖူးစာရှင် ဟုတ်မဟုတ် သိချင်ကြဘူးလား၊ နည်းကတော့ လွယ်လွယ်လေးပါ။ သင်ရယ်၊ သင့်ရဲ့ ချစ်သူမွေးနေ့သက္ကရာဇ် အားလုံးပေါင်ြး...
-
http://onlinepyadaik.com/profiles/blogs/4021190:BlogPost:276709#com... http://soneseeyar.ning.com/profiles/blogs/6523429:BlogPost:5085...
Write Down Anything
login မှဝင်ကာ facebook ဖြင့်ရေားနိုင်သလို guest ဖြင့်လည်းဝင်ရောက်ရေးသားနိုင်ပါတယ်..အကြံပြု ဝေဖန်နိုင်ပါတယ်နော်။
My Blogs List
-
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။10 years ago
-
နံနက်သဘင်10 years ago
-
-
မျိုးဆက်သစ် ရှင်(၁၀၀)ပြုပွဲ နှိုးဆော်လွှာ။11 years ago
-
-
-
-
-
-
Exchange Myanmar Money
Download For You
- ♫♪ Alpha Zawgyi
- ♫♪ Alpha Zawgyi လက်ကွက်ပုံ
- ♫♪ Team Viewer လေးနဲ့ ချိတ်ကြမယ်
- ♫♪ ပုရပိုက်
- ♫♪ Zawgyi Font 32Bit
- ♫♪ Zawgyi Font 64Bit
- ♫♪ ဇော်ဂျီကီးဘုတ် အသစ်
- ♫♪ ဇော်ဂျီဖောင့်
- ♫♪VZO ဒေါင်းယူရန်
- ♫♪Mp3-Mp4 သီချင်းချုံ့ဆော့ဝဲလ်
- ♫♪GOM Player ဒေါင်းရန်
- ♫♪ မြန်မာသရီး
- ♫♪blogger help education
- ♫♪ မြန်မာဖေါင့်အလန်းစာတွေဒေါင်းယူရန်
- ♫♪ အရေးခက်သောစာလုံးများအလွယ်ရေးရန်
- ♫♪ Download နည်းများလေ့လာရန်
- Zaw Gyi – Home Page
Blog Archive
Powered by Blogger.
0 comments:
Post a Comment