Labels:

သူငယ်ချင်းတယောက်ကိုချစ်တဲ့အကြောင်း

သူ့ရင်ထဲကကျွန်တော့် နှလုံးသား

လတစင်းက ငါ့ကိုစိုက်ကြည့်

ကြယ်တစ်ပွင့်မှ ခပ်မဲ့မဲ့ပြုံး

အတုံးအရုံး ယိုင်လဲသွားပြီ

ခိုင်မြဲထားချည်တဲ့ သံယောဇဉ်ကွန်ရက်

တံခွန်ထက်လွင့်နေခဲ့ပြီ ......သူငယ်ချင်း...။

ချစ်မျက်ဝန်းက ဘာသာမဲ့ပြော

ကြင်နာမှုရော အသားကျ

တစ်ဖ၀ါးမှ မခွာလို

သနားပိုခဲ့ ဒို့နှစ်ယောက်

ထိုးဖောက်တဲ့မျက်ရည်နဲ့ မဝေးချင်တဲ့ သူငယ်ချင်း....။

စည်းခြားခြင်းက အထပ်ထပ်ကာ

သတ်ရပ်စွာ ၀ှက်ခဲ့ဖူးသော အချစ်တွေ

အပြစ်မရေ ထစ်နေတဲ့ နုတ်ဖျားက မထွက်

ငါ့ရင်ထဲကမင်း မင်းရင်ထဲက အခြားလူ

များထူတဲ့ အတွေးနဲ့ ငါရူးမှာနင်မသိလို့လား သူငယ်ချင်း...။

မျက်ရည်တွေက တွဲလွဲခိုခဲ့

သည်းသည်းမည်းမည်း ငိုတဲ့ဒို့မျက်ဝန်း

အမှတ်တမဲ့ ထပ်ခဲ့ဖူးတဲ့ နုတ်ခမ်းနှစ်လွှာ

တမ်းနေရာမှတ ယုယလှိုင်းတွေထ

ချစ်စကားတော့ဟတော့မယ်..

တစ်နေ့နေ့တော့ တစ်နေ့နေ့ပေါ့..

သူငယ်ချင်း ...ကောင်မလေးရယ်...။

သံယောဇဉ်သွေးဖြင့်သွန်းသော သမိုင်းသစ်


ဧရာဝတီသားလေး

0 comments:

Post a Comment