ဒီနေ့
 ကျွန်မတို့ အတန်းမှာ ဆရာက ထူးဆန်းတဲ့ အိမ်စာတစ်ခုကို ကျောင်းသူ /သား 
တွေကို လုပ်ခိုင်းလိုက်ပါတယ်။ ထူးဆန်းတယ်ဆိုတာက ဘွဲ့လွန်တက်နေတဲ့ 
ကျောင်းသား ကျောင်းသူတွေကို ငွေ ၅၀ peso ကျပ် ပေးပြီ  ဘယ်လို
 အကျိုးရှိအောင် သုံးနိုင်သလဲဆိုတာကို ဆရာက အိမ်စာအဖြစ် ပေးလိုက်တာပါ။( 
Peso ဆိုတာကတော. ဖိလစ်ပိုင်လိုပိုက်ဆံကို 
ခေါ်ဆိုခြင်းဖြစ်ပါတယ်၊ဖိလစ်ပိုင်တွေ 
ငွေအစေ.၊အပြားများယခုတိုင်အသုံးပြုကြဆဲဖြစ်ပါတယ်) ဒီနေ့က သောကြာနေ့ဆိုတော့ 
စနေ ၊ တနင်္ဂနွေ နှစ်ရက်တောင် အချိန်ပေးပြီ တနင်္လာနေ့မှ ကိုယ်တကယ် လက်တွေ့ 
သုံးခဲ့တာကို စာတမ်းအနေနဲ့ ပြန်တင်ရမှာဖြစ်ပါတယ်။ တကယ်ပဲ ငွေ ၅၀ 
ဆိုတာလေးနဲ့ အကျိုးကျေးဇူးလဲ ရှိ တန်းဖိုးလဲများအောင် သုံးစွဲနိုင်တဲ့ 
လူကို ဆရာက ဆုပေးဖို့လည်းပြောထားပါသေးတယ်။ ဒါနဲ့ ကျောင်းဆင်းတော့ 
ကျွန်မလမ်းလျောက်ရင်းနဲ့ ဘယ်လို လုပ်ရမလဲဆိုတာ စဉ်းစားနေမိတယ်။ ကျွန်မတို့ 
ပြန်စဉ်းစားကြည့်ရင် ဒီငွေ ၅၀ Peso လေးနဲ့ တကယ်တန်းဖိုးကြီးတာတွေ 
ဝယ်မယ်ဆိုရင် မရပါဘူး။ မရှိဆင်းရဲသားတွေကို ဒီတိုင်းအလျူတန်းပေးပြန်ရင်လည်း
 ဒါက အရမ်းရိုးရှင်းနေပြန်တယ်။ ဆရာကလည်း တီထွင်ကြံဆပြီး အကောင်းမွန်ဆုံးနဲ့
 သူတပါးတွေအတွက် သုံးနိုင်တာ ကို လိုချင်တာ။ ကျွန်မ ညနေစာကျက်ပြီး 
အိပ်ရာမ၀င်ခင်လေးမှာ သေချာ အလေးအနက်ထားစဉ်းစားလိုက်တယ်။
ဟိုး
 … ရိုး .. ဟားဟား…(ရယ်သံ) ကျွန်မ အရမ်းပျော်သွားတယ်။ ကျွန်မ 
အကြံရလိုက်ပါပြီ။ ဒီလိုနဲ့ နှစ်ခြိုက်စွာနဲ့ အိပ်ပျော်သွားပါတော့တယ်။ ညက 
အကြံအတိုင်း  မနက်ထလာတာနဲ့ 
ကျောင်းပိတ်ရက်လဲဆိုတော့ မြို့ထဲကို ပစ္စည်းတွေဝယ်ဖို့ ထွက်လာခဲ့ပါတယ်။ 
စိတ်ထဲမှာလဲ အရမ်းလန်းဆန်းနေပါတယ်။ ကျွန်မ အကြံအတိုင်း လိုအပ်တဲ့ 
ပစ္စည်းတွေကို ငွေ ၅၀ Peso နဲ့ အကိုက်ဖြစ်အောင် ၀ယ်ယူပြင်ဆင်ခဲ့ပါတယ်။ 
တနင်္ဂနွေနေ့
 ရောက်လာတော့ ကျွန်မရဲ့ ငွေ ၅၀ ရက်ရဲ့ တန်ဖိုးကို စတင် လုပ်ဆောင်ပါတော့တယ်။
 ကျွန်မ တကယ်ဘဲ စိတ်ထဲ ကြည်နူးမိပါတယ်။ ဆုရတာ မရတာထက် ကျွန်မ ဒီငွေ ၅၀ ရဲ့ 
တန်ဖိုးကို သိလာရလို့ ဖြစ်ပါတယ်။ ကျွန်မ အခုအချိန် ၊ အခု အသက်အရွယ်ထိ ငွေ 
၅၀ ကို တခါမှ လူတွေအများကြီးအတွက် အသုံးချရကောင်းမှန်းမသိခဲ့လို့ဖြစ်ပါတယ်။
 ဒါကြောင့်  ကျွန်မအတွက် ဒီနေ့လေးဟာ တကယ်ပျော်ရွင်စရာကောင်းပြီ ဘ၀အတွက် မမေ့ နိုင်တဲ့ အမှတ်တရနေ့လေး အဖြစ်ကျန်ခဲ့တော့မှာပါ။
ကျွန်မတို့
 ကျောင်းပြန်တက်တဲ့ တနင်္လာနေ့ ရောက်လာတော့ အတန်းထဲမှာ ကျောင်းသား 
ကျောင်းသူတွေ အားလုံးစိတ်လှုပ်ရှားနေကြပါတယ်။ ဆရာက တစ်ယောက်ပြီးတစ်ယောက် 
ရှေ့ထွက်ပြီး ငွေ ၅၀ ကျပ်ကလေးကို ဘယ်လို အသုံးချခဲ့ သလဲဆိုတာကို ကျောင်းသူ 
သား တွေရှေ့မှာ တင်ပြခိုင်းပါတယ်။
ကျွန်မ
 အလှည့်ရောက်လာတော့ ကျွန်မလည်း ဘာတွေ လုပ်ခဲ့သလဲဆိုတာကို တင်ပြခဲ့ပါတယ်။ 
အားလုံးပြီးသွားတော့ ဆရာက ကျောင်းသူ ကျောင်းသားတွေထဲကနေ အကျိုးအရှိဆုံး 
တန်းဖိုးအများဆုံး ဖြစ်အောင် ငွေ ၅၀ ကျပ်ကို ခွဲခြမ်းစိတ်ဖြာ 
သုံးနိုင်ခဲ့တဲ့ လူကို ရွေးချယ်ခဲ့ပါတယ်။ 
မထင်မှတ်ဘဲ
 ဆရာက ကျွန်မ နာမည်ကို ခေါ်လိုက်တော့ ကျွန်မ အလွန်ဘဲ 
စိတ်အရမ်းလှုပ်ရှားမိသွားပါတယ်။ ကျွန်မကိုယ် ကျွန်မလဲ 
မထင်မှတ်ထားလိုက်ပါဘူး။ ဒါပေမဲ့ ကျွန်မ မထင်မှတ်တာ ထင်မှတ်စေခဲ့ပါပြီ ။ 
ကျွန်မ ဆုရတာထပ် ကျွန်မ တင်ပြခဲ့တဲ့  ငွေ
 ၅၀ ကျပ်ရဲ့ တန်းဖိုးကို နားလည်ခဲ့ရသလို ကျွန်မ နားလည်မှု့ရဲ့ 
တန်းဖိုးကိုလည် လူတွေ အသိအမှတ် ပြုပေးခဲ့တဲ့ အတွက် အတိုင်းမသိ 
ဝမ်းသာမိပါတယ်။ ( အသုံးမကျ တန်းဖိုးမဲ့တဲ့ အရာဆိုတာ မရှိ အသုံးမချတဲ့ 
အသုံးမပြုတဲ့ တန်းဖိုးမထားတက်လို့သာ အသုံးပြုရကောင်းမှန်းမသိလို့သာ 
ဖြစ်သည်။)
ဆရာက
 ဆုမချမှီမှာ ကျွန်မရဲ့ တင်ပြမှုလေးကို ရှင်းပြပါတယ်။ တချို့ကျောင်းသားတွေက 
ဒီငွေ ၅၀ ကျပ်လေးကို တန်းဖိုးနည်းတယ် ထင်ပြီး သိပ်ပြီးများများ 
အသုံးမချနိုင်ဘူးလို့ ဆိုကြပါတယ်။( တန်းကြေးနည်းပေးမဲ့ တန်းဖိုးရှိတဲ့ 
အရာတွေ လောကကြီးမှာ အများကြီးပါလာဆိုတာ  ကျွန်မ တွေးမိလိုက်ပါတယ်။ )
 ဆရာက
 ဒီငွေလေးပေးလိုက်ခြင်းဟာ ဆိုရင် ကျောင်းသူ ကျောင်းသားတွေ ငွေ ကို ဘယ်လို 
စီမံခန့်ခွဲ နိုင်သလဲဆိုတာရယ် ၊ တန်းဖိုးနည်းတဲ့ ထင်ရတဲ့ အကြောင်းတရားကို 
တန်းဖိုးရှိအောင် ဘယ်လို အသုံးချနိုင်သလဲဆိုတာရယ် ဆိုတာကို ကျောင်းသူ 
ကျောင်းသားတွေ သိစေချင်လို့ စမ်းသပ်တဲ့ သဘော ၊ ဘ၀ သင်ခန်းစား ပေးချင်လို့ 
ဖြစ်တယ်ဆိုတာ ကို ဆရာက ရှင်းပြပါတယ်။ လောက တန်းဖိုးမဲ့တဲ့ 
အကြောင်းတရားဆိုတာ မရှိဘူးဆိုတာရယ် တန်းဖိုးမထားတက်တဲ့ အကြောင်းတရားသာ 
ရှိတယ်ဆိုတာကို ကျွန်မတို့ကို ရှင်းပြပါတယ်။ 
ဒါပေမဲ့
 ဆရာက ကျွန်မကို ဆုပေးချင်ဟာလဲ အတော်ဆုံးဆိုပြီ ရွေးချယ်ခဲ့တာ မဟုတ်ဘဲ 
အတန်းထဲမှာ အသင့်တော်ဆုံးလို့ တွေးထင်ခဲ့လို့ ကျွန်မကို 
ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ( ဘယ်သူမှ အတော်ဆုံးဆုံးဆိုတာ မရှိပေမဲ့ 
အသင့်တော်ဆုံးဆိုတာကို အချိန်အခါနဲ့ ဆုံးဖြတ်ပြီ အတော်ဆုံးလို့ 
ကင်းပွန်းတက်ကျတာ ဖြစ်ပါတယ်။)
ကျွန်မ
 ငွေ ၅၀ ကျပ်ကို ရိုးရိုးလေးဘဲ အသုံးပြုခဲ့တာပါ။ ကျွန်မအနေနဲ့ ဒီ ငွေ ၅၀ 
နဲ့ တန်းဖိုးကြီးကြီး ပစ္စည်းတွေကို မ၀ယ်နိုင်ဘူးဆိုတာ သိပါတယ်။ ဒါကြောင့် 
လူတွေရဲ့ စိတ်ကို ပျော်ရွင်စေပြီ အားဖြစ်စေတဲ့ အကြောင်းအရာကို 
ရွေးချယ်ခဲ့တာပါ။ တန်းဖိုးနည်းပေမဲ. တန်ဖိုးရှိစေမှာပါ။ ( 
တစ်ဦးတစ်ယောက်အတွက် တန်ဖိုးမရှိပေးတဲ့ အခြားတစ်ဦးတစ်ယောက်အတွက်တော့ 
တန်ဖိုးမဖြတ်နိုင်တဲ့ အရာ ဖြစ်နေတက်သလိုပေါ့ )
 ငွေ
 ၁၀ နဲ့ ပန်းဝယ်ပြီး ကျွန်မဆံပင် အမြဲ ညှပ်နေကျ ဆံပင်ညှပ်ဆိုင်က 
ပိုင်ရှင်ကို ပန်းကို ပေးခဲ့ပါတယ်။ နောက်ထပ် ငွေ ၁၀ နဲ့ ဟင်းရွက်လေးတွေ 
ဝယ်ပြီး ကျွန်မတို့ ကျောင်းက ဂိတ်စောင့် အဘိုးကြီး မိသားစုကို 
ပေးလိုက်ပါတယ်။ နောက်ထပ် ငွေ ၂၅ နဲ့ ရောင်စုံစက္ကူတွေ ၀ယ်ပြီး  ပို့စကပ်
 ၂၅ ခုရအောင် ညှပ်ပြီး ကျွန်မကိုယ်တိုင်း လက်ရေးနဲ့ အားပေးစာလေးအထဲမှာ 
ရေးလိုက်ပါတယ်။ ပြီးတာနဲ့ အထက်တန်းကျောင်းရှိရာ သွားပြီ ကျောင်းပေါက်ဝကနေ 
ကျောင်းသူ ကျောင်းသား ၂၅ ယောက်ကို ပို့စကပ်လေးတွေ ဝေငှာ့လိုက်ပါတယ်။  နောက်ဆုံး  ကျန်တဲ့
 ငွေ ၅ ကျပ်နဲ့ တယ်လီဖုန်းကနေတဆင့် တခြားတနေမှာကျောင်း ပညာသင်နေတဲ့ 
သူငယ်ချင်း ၅ ယောက်ဆီကို အားပေးစကား မက်ဆေ့လ်လေး ပို့ပေးခဲ့လိုက်ပါတယ်။
ကျွန်မ
 ပို့ပေးခဲ့တဲ့ အားပေးစကားလေးကတော့ “ ဘ၀မှာ ဘာတွေပဲ သင့်ရှေ့မှာ 
အနှောက်အယှက် အတားအဆီးတွေ ရှိနေပါစေ။ ဘာတွေ ဘယ်လိုပဲ သင့်ရဲ့ 
လမ်းကြောင်းမှာ ပိတ်ပင်ထားပါစေ။ ပန်းတိုင်ကို မလျော့သော လုံလ၊ ၀ိရိယ ၊ 
ဇွဲတို့ဖြင့် အားတင်းပြီး ရှေ့ကို လျှောက်ပါလေး…. ယုံကြည်မှုတွေ ရှိနေရင် 
တနေ့ အောင်မြင်တဲ့  ပန်းတိုင်ကို မိတ်ဆွေ ရောက်ရှိလာမှာပါ”။
ကျွန်မရဲ့
 ဆရာက ပေးလိုက်တဲ့ ငွေ ၅၀ လေးဟာ ကျွန်မအတွက်တော့ ဘ၀မှာ အမှတ်တရ သင်ခန်းစာ 
အဖြစ် ကျန်ခဲ့မှာ ဖြစ်သလို ကျွန်မကူညီလိုက်တဲ့ လူတွေဆီမှာလဲ ကျွန်မကနေတဆင့်
 သူ့တို့တွေ ရင်ထဲမှာ တခုခုလေး ကျန်ခဲ့မယ်လို့ ယုံကြည်ရင်း ……………
ဧရာဝတီသားလေး 
 



 
 
0 comments:
Post a Comment