Labels:

ဘာသာခြား.....။

အယူအဆ ကွဲပြားကြလို့

မချစ်ရဘူးလို့ တားကြတာလာ

လူဆိုတာ

ယုံကြည်ချက်မတူတာ သိပါတယ်

ဗုဒ္ဓနဲ့  ခရစ်ယာန်

အစ္စလာမ်နဲ့ ဟိန္ဒူ

အသွင်မတူတာ ရှိကောင်းရှိမှာပေါ့


ကိုးကွယ်တာ မတူလို့

အပြစ်ဆို သူတွေရှိတာ

ရှိပါစေချစ်သူ

ချစ်တတ်တဲ့ လူတွေတော့

အတူတူပါပဲ
 
ဘ၀ရဲ့  ဖြစ်တည်မှုအတွက်
 
အသိုင်းအ၀ိုင်းရဲ့   ပဥာတ်ချက်တွေကြောင့်
 
အယူအဆ မတူတာ 
 
ဒီဘ၀ပဲ ရှိစေချင်ပါတယ်
 
နှောင်များအတွက် 
 
ချစ်ရက်နဲ့ ကွဲသူဆိုတာ 
 
မရှိစေချင်ဘူး   ချစ်သူ
 
ယုံကြည်မှုမတူလို့ 
 
တို့နှစ်ယောက်  တကယ်ဝေးခဲ့ရင်
 
သိစေချင်တယ်
 
တို့အတွက်  အချစ်ဆိုတာကို
 
ယုံကြည်ကိုးကွယ်ခဲ့သူမို့
 
အပြစ်တော့မဆိုတော့ဘူး
 
ဘာသာမတူတဲ့  မင်းနဲ့ငါအတွက်
 
ပြစ်ချက်လေး တပ်လိုက်တဲ့
 
အသိုင်းအ၀ိုင်း  တွေကို
 
ပြောလိုက်ချင်ပါတယ်
 
ကိုးကွယ်တဲ့  ဘာသာမှာ
 
အချစ်လို့  ဖြည့်ဆွတ်ခွင့်ပြုပါလို့ပေါ့
 
ချစ်သူရယ်.....
............................................
...........ဧရာဝတီသားလေး...............................

0 comments:

Post a Comment