Labels:

သေမင်းခံတွင်းနှင့် အလောင်းအစားလုပ်သူလေး...


Tueanjhai Pimsan and snappy the crocodile
ဖြေးဖြေးချင်းဟပါ Snappy ရာ...
Gently does it: Tueanjhai Pimsan manages to get her crocodile friend 'snappy' to open his powerful jaws

" အား !!!! " လို့ အော်မိမှာတော့ အသေအချာပါပဲ.... မြင်ကွင်းကတော့ မိန်းမလှလေးတစ်ယောက် တောရိုင်းတိရိစ္ဆာန် မိကျောင်းကြီးတစ်ကောင်နှင့် အသက်ကိုရင်းပြီး အလောင်းအစားလုပ်နေသည့် အသည်းယားစရာအခိုက်အတန့်  ပြကွက်တစ်ခုပဲဖြစ်ပါတယ်... အသက် ၂၇ နှစ်အရွယ်ရှိ လှပျိုဖြူလေးကတော့ အချိုသာဆုံးအပြုံးနဲ့  သာမန်လူတစ်ယောက် တွေးပင်မတွေးဝံ့ လောက်သည့် လုပ်ရပ်အဖြစ် သေမင်းတမန် မိကျောင်းကြီး၏ ပါးစပ်အတွင်းသို့ သူမရဲ့ ဦးခေါင်းကို
ထည့်ပြနေတာပဲဖြစ်ပါတယ်... သစ်သားအပိုင်းအစကလေးတစ်ခုကို အသုံးပြုကာ ထိုင်းမလေး တွင်ဂျိုင်ပင်ဆန် ဟာ မိကျောင်းကြီးကို၎င်းရဲ့ ပါးစပ်ကို ဟခိုင်းစေပြီး သူမရဲ့ ဦးခေါင်းကို ထိုပါးစပ်အတွင်း စက္ကန့် ၃၀ ကြာမျှထားပြ ခဲ့ ပါတယ်...



Tueanjhai Pimsan, snappy the crodocile
တစ်ကနေ သုံးဆယ်အထိ ရေတွက်ထားနော်...
မတွေးရဲစရာပါပဲ...အခုနေများ မိကျောင်းကြီးနှာချေလိုက်ယင်....
Easy does it! Tueanjhai Pimsan stays completely at ease as she puts her head inside the Snappy's mouth for a full 30 seconds

သူမနှင့် ရေသတ္တ၀ါတို့ ရဲ့ ဘုရင် မိကျောင်းကြီးတို့ အကြား နားလည်ယုံကြည်စိတ်ချမှုကြောင့်  Snappy လို့  တိစ္ဆာန်ရုံ ၀န်ထမ်းများကချစ်စနိုးခေါ်ကြတဲ့ မိကျောင်းကြီးရဲ့ ပါးစပ်ထဲကနေ မိန်းမလှလေး တွင်ဂျိုင် ဟာ အံ့သြစရာ ကောင်းလောက် အောင်ပင် ဘေးမသီရန်မခ၊ အထိအခိုက်မရှိ ပြန်ထွက်ပြနိုင်ခဲ့ ပါတယ်...အဆိုပါ မိကျောင်းနဲ့ လှပျိုဖြူလေးတို့ ဟာ မယုံကြည်နိုင်ဖွယ်ရာ ပြကွက်ကို တစ်ပတ်လျှင် နှစ်ကြိမ်မျှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ အနီးရှိ ဆရီရာချာ တိရိစ္ဆာန်ရုံမှာ တင်ဆက်ပြသလျှက်ရှိနေပါတယ်...


မိန်းမချောလေးတွင်ဂျိုင် ကိုသူ့ ရဲ့ တည်ငြိမ်အေးချမ်းလှတဲ့ မတုန်မလှုပ်ဟန်နဲ့ တုံ့ ပြန်ခဲ့ ပေမယ့် Snappy
မိကျောင်းကြီးကတော့ အစာစားချိန်မှာ ကြက်တွေကို အကောင်လိုက်ဝါးမြိုစားတတ်တဲ့  အသားစားတိရိစ္ဆာန်
ကြီး ဖြစ်နေပါတယ်..." ဒီလိုသရုပ်ဆောင်ရတိုင်း ကြောက်စိတ်မဖြစ်မိပါဘူး...ဘာဖြစ်လို့ လည်းဆိုတော့ ဒီလိုလုပ်နေခဲ့ တာနှစ်
ပေါင်းများစွာကြာခဲ့ တဲ့ အပြင် တစ်ခါမှလည်း ထိခိုက်ဒါဏ်ရာရမှု မရှိခဲ့ လို့ ပါပဲ...လူအများစုကတော့ ဒီလိုလုပ်တာဟာ ရူးလို့ ၊ စိတ်မမှန်တဲ့ သူတစ်ယောက်ရဲ့ အပြုအမူလို့ ထင်မယ်ဆိုတာ ကျွန်မသိပေမယ့် ဒါဟာ ကျွန်မရဲ့ အသက်မွေးဝမ်းကျောင်း အလုပ် ဖြစ်သလို ဒီလိုစွန့် စားပြရတာကိုလည်း နှစ်သက် သဘောကျမိပါတယ်..."" ကျွန်မ ဒီမှာ အလုပ်လုပ်နေခဲ့ တာ ခြောက်နှစ်ရှိခဲ့ ပြီး ကျွန်မရဲ့ ခင်ပွန်းဖြစ်သူ ၀မ်ချိုင်းလည်း ဒီမှာပဲ အလုပ်လုပ်နေပါတယ်...ကျွန်မ မိကျောင်းတွေနဲ့ အလုပ်လုပ်တဲ့ အခါ သူတို့ ကို စိတ်ချယုံကြည်ရပြီး လေးစားရပါတယ်... အချိန်တွေကြာလာတာနဲ့ အမျှ သူတို့ ဘယ်လိုသွားလာလှုပ်ရှားတယ်ဆိုတာ သိရှိနားလည်လာပြီး သူတို့ ကလည်း ကျွန်မတို့ အကြောင်းကို သိရှိနားလည်သွားကြတာပါပဲ..." လို့ သူမကရှင်းပြခဲ့ ပါတယ်...

ထိုင်းနိုင်ငံမှာ နေထိုင်လျှက်ရှိတဲ့ အသက် ၅၀ အရွယ်ရှိ ဓါတ်ပုံဆရာ တိုနီဟန်းစ်ကုမ့် ဘ် ဟာ အဆိုပါ မိကျောင်းနဲ့ လှယမင်း တို့ ရဲ့ အံ့ ဖွယ်ရာ ပြကွက်ကို မှတ်တမ်းတင်ရိုက်ကူးနိုင်ခဲ့ တာဖြစ်ပါတယ်..." ကျွန်တော့် ဖြင့် တစ်ခါမှ ဒီလိုမျိုးမမြင်ဘူးခဲ့ လို့ ပထမဦးဆုံးအကြိမ် စတွေ့ လိုက်ရတော့ အကြီးအကျယ်ကို အံ့ သြတုန်လှုပ်သွားခဲ့ ရပါတယ်... မိန်းကလေး တွင်ဂျိုင် နဲ့ ကြောက်စရာ မိကျောင်းကြီးတို့ အခုလို ဘာမှမဖြစ်ပဲ သရုပ်ဆောင်ပြနိုင်တာကိုက တစ်ကယ့် ကို မယုံကြည်နိုင်လောက်စရာ ကောင်းလှပါတယ်..." လို့ သူကထပ်ပြောပြခဲ့ ပါတယ်...

ပိုက်ဆံမရယင်လည်းနေပါစေတော့ ....
အဲဒီလိုမျိုးတော့ မလုပ်ခိုင်းရက်ပါဘူး...
မတော်လို့ များ မိကျောင်းက စိတ်ဖောက်ပြန်ပြီး ကိုက်လိုက်ယင် ပြန်လမ်းရှိတော့ မှာမဟုတ်ဘူး...


(from ကိုပီတာရဲ့အတွေးပုံရိပ်များ )
 
 
ဧရာဝတီသားလေး

0 comments:

Post a Comment