သိရင်ပြောကြပါကွယ် ကျေးဇူးဆပ်ပါမယ်
တခါက ကျေးရွာတရွာမှာ အဘိုး အဘွား မြေးများနဲ့ မိသား တစုတို့နေ
နေထိုင်ကြတယ် ။ အဖွားဖြစ်သူက ရှေးအဖွားကြီးဆိုတော့ သားသမိးတွေ မြေးတွေကို
ဆုံးမတဲ့အခါ ၊ ဆူပူကြိမ်းမောင်းတဲ့အခါတိုင်း မြန်မာစကားပုံတွေကို သုံးပြီးဆူလေ့ပြော
လေ့ရှိပါတယ် ။
ဉပမာ မိန်းခလေးတွေ အမြင်မတော် ထိုင်နေ တာတွေရင် ဟဲ့ ဟဲ့ မိန်းခ
လေးတွေကအိမ်ရှေ့ထွက်ပြီး ဒီလိုထိုင်ရလားမိန်းခလေးဆိုတာ ဗိုင်းကောင်းကျောက်ဖိ
ပိပိရိရိ နေရတယ်ဟဲ့ နင်တို့ခောတ်ကာလ ခလေးတွေတော့ ငါဖြင့် ကြုံဘူးပေါင်တော်
အိမ်ရှေ့ထွက်ထိုင်ရတယ်လို့ စ သဖြင့် ဆူပူကြိမ်းမောင်းတက်ပါတယ် ။
တခါတရံ ခဏ ခဏ ပြောမရတဲ့အခါမျိုးမှာ ဟဲ့ ကျွဲပါးဆောင်းတီး ကောင်
လာခဲ့ နင့်ကို ဘယ်နှစ်ခါပြောရမလဲ ထမင်းစားရင် အသံမမြည်စေနဲ့ဆိုတာ လုပ်ပြန်ပြီ
ပြတ် ပြတ် နဲ့ နောက်တခါပြောရရင်သေဘို့သာပြင်ထား လို့ဆူတက်ပြန်ပါတယ် ။
ခလေးတွေကလဲ ခောတ်ကာလ ခလေးတွေဆိုတော့ အဖွားဆူလိုက်တိုင်းအဘိုး
ထံလာ လာပြီး အဖွားပြောလိုက်တဲ့စကားပုံကိုနားမလည် ၊ လို့မေးတက်ကြပါတယ် ၊
အဲဒီအခါမှာ အဘိုးဖြစ်သူက စိတ်ရှေလက်ရှေဖြင့်
ဗိုင်းကောင်းကျောက်ဖိဆိုတာ ဘာကိုဆိုလိုတယ်
ကျွဲပါး ဆောင်းတီးဆိုတာ ဘာကိုဆိုလိုတယ် စသည်ဖြင့် စိတ်ရှေလက်ရှေ
ရှင်းပြလေ့ရှိပါတယ် ။
တနေ့တော့ အဘိုးဖြစ်သူ ရဲ့ဆေးတံက ဘယ်ထားမိမှန်းမသိဖြစ်နေပြီးရှာမရဖြစ်
နေပါတယ် ၊ အဖွားကလဲ အဘိုး ဆေးတံသောက်တာ အကြိုက်ဘူးလို့ပြောဘူးတော့
အဖွားများ သိမ်းထားသလားဆိုပြီး မြေးတယောက်ကိုမေးခိုင်းလိုက်ပါတယ်
အဖွား အဘိုးက ဆေးတံသိမ်းထားသလားတဲ့
အမလေးတော် စွတ် စွတ် ဆွဲ ဆွဲ မဆိုင်တဲ့အပေါက် ဂလိုင်နဲ့လာခေါက်နေ
ပြန်ပြီ လို့ မြေးကိုအော် လွှတ်လိုက်တယ် ။
မြေးဖြစ်သူလဲ ငိုမဲ့မဲ့ နဲ့ အဘိုးဆီပြန်လာတယ်
အဘိုးမေးခိုင်းလို့ ဆေးတံသိမ်းထားသလားလို့ အဖွားကိုမေးတာ
သားကို မဆိုင်တဲ့ အပေါက်ဂလိုင်နဲ့လာခေါက်တယ် တဲ့ အဘိုး
သားလဲ ဘာမှ မလုပ်ဘဲ နဲ့ တဲ့
အဘိုးဖြစ်သူ လဲ အေးပါကွာ နေပါစေ မမေးနဲ့တော့ လို ဆိုပြီးမေးကိုချော့
ထားလိုက်ရပါတယ် ။ တော်သေးတာပေါ့ မြေးကရှင်းမပြခိုင်းလို့ ၊
အဲ တနေ့မှာတော့ မြေးမ တယောက် အဖွားဆွမ်းတော် တင်ဘို့သိမ်းထားတဲ့
ဒူးရင်းယို ခိုးစား တာကို အဖွား က မိသွားပါလေရော ဟဲ့ နင်ဘာတွေခိုးစားနေတာလဲ
လို့မေးတော့ မြေးမက ဘာမှ မစားပါဘူးဆိုပြီး လိမ်ပြောလိုက်တယ် ။
အောင်မယ် ငါ လက်ပူးလက်ကြပ်မိနေတာတောင် မုံလာဉ လုပ်ချင်တဲ့ ဟာမ
ဆိုပြိး ရိုက်ပါလေရော
မြေးဖြစ်သူလဲ အဖွားရိုက်လို့ ငိုယိုပြီး အဘိုးဆီလာတိုင်တယ်
အဘိုး အဖွားက ကျမ ဒူးရင်းယိုခိုးစားတာ ကို မုံလာဉလုပ်တယ်ဆိုပြိးရိုက်
တယ် အဘိုးရဲ့ မုံလာဉလုပ်တယ်ဆိုတာ ဘာလဲ အဘိုးတဲ့
ဟိုက် အဲဒါမှ ဒုက္ခဘဲ အမလေး ၊
ကဲ အရပ်က တို့ရေ သိရင်ပြောပေးလိုက်ကြပါအုံးဗျို့
သိရင်ပြောကြပါကွယ် ကျေးဇူးဆပ်ပါမယ်
ဧရာဝတီသားလေး
Labels:
ဟာသ
သိရင်ပြောကြပါကွယ် ကျေးဇူးဆပ်ပါမယ်
Posted by
moon
Sunday, September 2, 2012
Subscribe to:
Post Comments (Atom)
Blog Subscription
Search this blog
linkwithin.
asdad
My Right Time
Labels
မန်ဘာဝင်ရန်
Popular Posts
-
အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ ဒီပို့ စ်လေးကနည်းနည်းရိုင်းတယ်ထင်ရင်လည်း ခွင့်လွတ်ပေးပါ။ကျွန်တော်က အားလုံးဗဟုသုတရစေရန်ရည်ရွယ်ပီး ရှာတင်ထားတာ...
-
ရှက်ပါတယ်ဗျာ.. ပြန်ပြောရမှာ .. ။ ဒါပေမဲ့လည်း မပြောပဲလည်း မနေနိုင်ပြန်ဘူး။ တစ်သက်မှာ တစ်ခါ မိန်းမ ခိုးပြေးတဲ့ ကိစ္စဆိုတော့ .. ဒါ...
-
လောင်မြေအတွင်း ပေါင်းတွေရှင်း မြေင်းရေးသွင်းခဲ့ မြတ်ဆရာ။ မြတ်ပန်းလွာဂုံ ဆန်းဖြာထုံခဲ့တာ မြတ်ဆရာ။ တက်စေချင်မြတ်စေချင် လာဘ်တွေမြင်ခဲ့တာ...
-
၁၉၄၄ ခုနှစ် ဒုတိယကမ္ဘာစစ်ကာလ အတွင်း လီဒိုလမ်းမကြီးပေါ်ရှိ မဟာမိတ်စစ်သားများနှင့်အတူ...
-
ကိုယ့်ချစ်သူက သင့်ရဲ့ဖူးစာရှင် ဟုတ်မဟုတ် သိချင်ကြဘူးလား၊ နည်းကတော့ လွယ်လွယ်လေးပါ။ သင်ရယ်၊ သင့်ရဲ့ ချစ်သူမွေးနေ့သက္ကရာဇ် အားလုံးပေါင်ြး...
-
http://onlinepyadaik.com/profiles/blogs/4021190:BlogPost:276709#com... http://soneseeyar.ning.com/profiles/blogs/6523429:BlogPost:5085...
Write Down Anything
login မှဝင်ကာ facebook ဖြင့်ရေားနိုင်သလို guest ဖြင့်လည်းဝင်ရောက်ရေးသားနိုင်ပါတယ်..အကြံပြု ဝေဖန်နိုင်ပါတယ်နော်။
My Blogs List
-
-
နံနက်သဘင်10 years ago
-
-
မျိုးဆက်သစ် ရှင်(၁၀၀)ပြုပွဲ နှိုးဆော်လွှာ။11 years ago
-
-
-
-
-
-
-
Exchange Myanmar Money
!-end>!-foreign>
Download For You
- ♫♪ Alpha Zawgyi
- ♫♪ Alpha Zawgyi လက်ကွက်ပုံ
- ♫♪ Team Viewer လေးနဲ့ ချိတ်ကြမယ်
- ♫♪ ပုရပိုက်
- ♫♪ Zawgyi Font 32Bit
- ♫♪ Zawgyi Font 64Bit
- ♫♪ ဇော်ဂျီကီးဘုတ် အသစ်
- ♫♪ ဇော်ဂျီဖောင့်
- ♫♪VZO ဒေါင်းယူရန်
- ♫♪Mp3-Mp4 သီချင်းချုံ့ဆော့ဝဲလ်
- ♫♪GOM Player ဒေါင်းရန်
- ♫♪ မြန်မာသရီး
- ♫♪blogger help education
- ♫♪ မြန်မာဖေါင့်အလန်းစာတွေဒေါင်းယူရန်
- ♫♪ အရေးခက်သောစာလုံးများအလွယ်ရေးရန်
- ♫♪ Download နည်းများလေ့လာရန်
- Zaw Gyi – Home Page
Blog Archive
Powered by Blogger.
0 comments:
Post a Comment