Labels: ,

ကြည့်တက်ရင်မြင်ပါတယ်


ကြည့်တက်ရင်မြင်ပါတယ်

ဆီမီးခွက်ကလေး လင်းလာတယ်

ဆီမီးခွက် တခွက် ထွန်းညှိလိုက်တယ်ဆိုပါတော့
ဘာဖြစ်သွားလဲ ?
မီးလင်းလာတယ် -- လို့ပြောမှာပေါ့
ဆီမီးခွက်ကလေးထွန်းလိုက်လို့ မီးလင်းလာတာဘဲ လို့သိတာဟာသာမန်အသိ လူဗိန်းအသိ
လို့ဆိုရပါမယ် ၊ တရားအသိ အမြင်မှန်အသိကမဟုတ်သေးပါ
ကြည့်တက်ရင်မြင်ပါတယ် အမြင်မှန်အသိတရားအသိက ဒီလိုပါ
ဆီမီးခွက်ကလေးမီးထွန်းလိုက်တော့
နောက် ဘာတွေဖြစ်လာသလဲ တွေးကြည့်လိုက်ပါ


၁ - မီးမထွန်းခင်တုန်းက ဘာဖြစ်နေလဲ မှောင်နေတယ်
ဒါဖြင့် အမှောက်ပျောက်ပြိး အလင်းရောက်အောင်လုပ်လိုက်တယ်
၂ - နောက် လောင်ဆာ ကြိုးကလေး တဖြေးဖြေး တိုတို သွားတယ်
၃ - နောက် ခွက်ထဲက ဆီလဲ တဖြည်းဖြည်းခမ်း ခမ်း - လာတယ်
၎ - နောက်ကော ဘာဖြစ်သေးသလဲ
ဒီအချက်က တွေးမှ သိတဲ့ အသိ ပါ အခုလင်းနေတဲ့အလင်းက စောစောက
( လွန်ခဲ့တဲ့ မိနစ်ပိုင်း လောက်က ) လင်းနေတဲ့ အလင်းလား နောက် အလင်းလား )
မဟုတ်ဘူး နောက်အစားထိုးတဲ့အလင်း - လွန်ခဲ့တဲ့ မိနစ်ပိုင်းကအလင်းဆိုကထဲကလွန်
သွားပြီ မရှိတော့ဘူး ဒါနောက် အစားထိုးတဲ့အလင်း )
အလင်းဆက်နေတယ်လို့ထင်နေတာ အမှန်တော့ ပထမ အလင်းပျက်ပြီး မှနောက်အလင်း
အစားထိုးပြီးလင်းနေတာ
ဒီတော့ တွေးကြည့်လိုက်ပါ
ဆီးမီးခွက်ကလေး လင်းလာတာဟာ
၁ -အမှောက်ပျောက်ပြိးအလင်းပေးတာလဲ ဒီဆီမီးဘဲ
၂ -မီးဆာတိုသွားအောင်လုပ်တာလဲ ဒီမီးဘဲ
၃ - ဆီကိုခမ်းစေတာလဲ ဒီမီးဘဲ
၎ - ရှေ့အလင်းပျောက်ပြီး နောက်အလင်းအစားထိုးနေတာလဲ ဒီ ဆီမီးဘဲ
သစ္စာ ၄ ချက် ဆိုတာလဲ ဒီတိုင်းဘဲ ၀ိပဿနာတရားအားထုတ်သူသည်
ခန္ဒာကိုဥာဏ်ဖြင့်စောင့်ကြည့်နေသောခဏ၌ ဆီမီးခွက်လင်းနေသောဥပမာနှင့်တူသည် ။
(အခု ငါသည် လွန်ခဲ့ မိနစ်ပိုင်းက ငါလား လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က ငါလား
မဟုတ်ဘူး အဲဒါတွေက လွန်သွားပြီး ပျက်သွားပြီး နောက်ထက်အစားထိုးပြီး ဖြစ်လာနေတဲ့
ငါဘဲ ဆက်နေတယ်လို့ထင်ရတာတခုပျက်ပြီး တခုအစားထိုးနေတာဘဲ ) အလင်းဆက်နေတာ
ခန္ဒာစစ်ကိုမြင်လိုက်ပြီးနောက် ထိုပေါ်လာသော ခန္ဒာ ပျက်သွားသည်ကိုမြင်လိုက်သည်ဆိုပါစို့၊
ထိုခဏကလေးသည် သစ္စာ ၄ ပါး တပြိုင်နက် ဆိုက်လိုက်ခြင်းဖြစ်သည်၊
၁ - ဖြစ်ပျက်မြင်တာသည် ဒုက္ခသစ္စာကိုမြင်တာဖြစ်သည်၊
ခန္ဒာကိုဥာဏ်ဖြင့်ရှုနေသောအချိန်တွင် ထိုပေါ်နေသောစိတ်ပေါ်နေသောအတွေး ကို ရှုဥာဏ်ကကြည့်နေသဖြင့် နောက် က လာရန်စောင့်နေသော အတွေးကိုခံစားမယ် ဆိုတဲ့
တဏှာ ( သမုဒယ ) မလာနိုင်ဘဲ ဖြစ်နေသည် ၊
( မှတ်ချက် ရှုဥာဏ်ဆိုတဲ့ ခန္ဒာပေါ်နေခိုက် နောက်ထပ် ခန္ဒာတခုလာလို့မရပါ )
၂ - နောက်ခန္ဒာမလာတာ သမုဒယသစ္စာ ပါယ်နေတာ ထိုသို့ ခန္ဒာအဖြစ်အပျက်ကိုမြင်နေုခိုက်တွင် နောက်ထပ်လာရန်ရှိသောခန္ဒာတခုမလာနိုင်ဖြစ်နေပါတယ် သမုဒယသစ္စာ မ၀င်နိုင်ဖြစ်နေလို့ သမုဒယသစ္စာပါယ်ပြီးဖြစ်နေတာပါ
၃ - ထိုသို့ ခန္ဒာစစ်ကိုမြင်အောင်အားထုတ်နေခြင်းသည်၊အားစိုက်ကြည့်နေလို့ဖြစ်တယ်
မဂ်အကျင့် - ကျင့်နေသောကြောင့်ဖြစ်၏ ( မဂ္ဂသစ္စာဆိုက်နေတာဖြစ်ပါတယ် )
၎ - နောက် ခန္ဒာ မလာဘဲ ဒီအတိုင်းသာဆက်ဖြစ်နေတယ်ဆိုရင်
ခန္ဒာ ပျောက်နေသည် ခန္ဒာ မရှိဖြစ်နေသည် - ခန္ဒာ မရှိတာ နိဗ္ဗာန် (ခဏနိဗ္ဗာန်)
ဆိုက် နေတော့သည်
သစ္စာ ၄ ချက် တပြိုင်တည်းဆိုက်နေလေတော့သည်
မိမိခန္ဓိာကိုယ်ကို လဲ ဒီလိုဘဲကြည့်ပါ
ကြည့်သောသူသည်မြင်သည်
သစ်ပင်အောက်မှာထိုင်နေရင်း သစ်ရွက်ကလေးတွေကြွေကျလာတာကိုကြည့်ပြိး ရဟန္တာဖြစ်
သွားတာကိုကြားဖူးကြမှာပါ
သာမန်လူတယောက်အနေနဲ့ကတော့ သစ်ရွက်ဘဲ လေတိုက်ရင်ကြွေမှာပေါ့ လို့ဆိုမှာပါ
ခန္ဓာကိုယ် ရဲ့ ဒုက္ခသဘော အနိစ္စသဘော အနတ္တသဘောကို အမြဲရှုနေတဲ့လူတယောက်
အနေနဲ့တော့
သစ်ပင် သစ်ရွက် ပန်းပွင့်ကလေးတွေဟာ အပင်ပေါ်မှာတော့ စိမ်းစိမ်းလန်းလန်းနဲ့ လှပတင့်
တယ်ပေတယ် - ဒါပေမဲ့ အဖြေးဖြေး စိမ်းရာမှ ၀ါ - ၀ါရာမှာ ညို - ညိုရာမှာ ရော် ပြီး လေက
တချက်အဝှေ့မှာ သူလဲ မြေသို့ ကြွေကျ ပျက်ဆီး သွားရပါတကား
ငါ့ခန္ဒာ ကိုယ်သည်လဲ ဟိုအရင် နုပျို စဉ်ကလို လှပကြော့ရှင်တင့်တယ်နေရာက -
တဖြေးဖြေး အသားအရည်တွေ တွန့်လာတယ် - အိုလာတယ် - နာလာတယ် -
မအိုပါ နဲ့လို့ တားထားလို့မရ ( ငါဖြစ်စေချင်တဲ့အတိုင်းမဖြစ် - )သူ့သဘောအတိုင်းဖြစ်နေတာ
ပါလား - တနေ့ ကျရင် သစ်ရွက်ကလေးတွေလိုဘဲ မြေခ- ကြွေကျရမှာပါလား ဆိုပြီး
ခန္ဒာကိုယ်ကို ၀ိပဿနာဥာဏ်နဲ့ ရှု လိုက်လို့ တရားအမြင် ရှိသွားတာဖြစ်ပါတယ်
ရှုတက်ရင်မြင်ပါတယ်

 ဧရာဝတီသားလေး

0 comments:

Post a Comment