လူ့ ဘ၀အစ နှင့် ခန္ဓာအစ ( သို့ မဟုတ် ) ကြောင်းကျိုးဆက်စပ်မှုသဘောတရားများ
လူဘယ်ကစခဲ့သလဲအနောက်တိုင်းအတွေးအခေါ်ပညာကြီးဒါဝင်ကတော့လူဟာမျောက်က
ဆင်းသက်လာတယ်လို့ ဆိုတယ်၊အဲဒီမြောက်ကဘယ်ကစတင်ဆင်းသက်လာခဲ့သလဲလို့ 
မေးစရာဖြစ်နေပါတယ်၊တခါဗြဟ္မာကြီးတွေကဆင်းသက်လာတယ်လို့ဆိုပြန်တယ်၊
ဒါလဲ အဲဒီဟြဟ္မာကြိီးတွေကကောဘယ်ကစပြီးဆင်းသက်လာသလဲ ၊ မေးခွန်းတွေ
ကဆက်ပြီးမေးစရာဖြစ်နေပါတယ်၊ကြက်နဲ့ကြက်ဥဘယ်ကစသလဲ၊အပင်နဲ့မျိုးမျိုးနဲ့အပင်ဘယ်ကစသလဲ
၊ သလဲပေါင်းများစွာနဲ့ဘဲဥအစရှာမရသလိုဖြစ်နေပါတယ် ၊
ဒီအမေးများနဲ့ပတ်သက်ပြီးဗုဒ္ဓမြတ်စွာဘုရားရှင်လက်ထက်တော်ကလဲဘုရားထံမေးမြန်းခဲ့ဘူးပါတယ် ၊
သတ္တ၀ါရှိသလား
သတ္တ၀ါ သေရင်ဖြစ်သေးသလား
သတ္တ၀ါသေရင်မဖြစ်တော့ဘူးလား
သတ္တ၀ါသေရင် မဖြစ်သည်လဲမဟုတ် ဖြစ်သယောင်ယောင်လား
စသဖြင့် မေးလာတဲ့မေးခွန်းများကို မြတ်စွာဘုရားက ငါဒီအယူမယူဘူး ဒီမေးခွန်းမျိုး
ဖြေလေ့ ပြောလေ့ဟောလေ့ မရှိဘူးလို့ဆိုပြိးပါယ်ချခဲ့ပါတယ် ၊
( အဂ္ဂိဝစ္စသုတ် )
ဗုဒ္ဓကပုဂ္ဂိုလ်တယောက်ရဲ့ဘ၀အစကိုငါ့ရဲ့ပုပ္ပေနိဝါသဥာဏ်နဲ့ ပြန်ကြည့်ပြီးနောက်ဘဝ
ကဘာဖြစ်ခဲ့တယ်၊အဲဒီနောက်ဘ၀ကဘာဖြစ်ခဲ့ဆိုတာကိုပြန်ပြန်ပြီးကြည့်မယ်ဆိုရင်ငါ့ရဲ
့သက်တမ်းတာကုန်သွားမယ်၊ ပုဂ္ဂိုလ်တယောက်ရဲ့ဘ၀အစကိုရှာလို့မဆုံးနိုင်ဘူးလို့
ဟော်တော်မူခဲ့ပါတယ်။
ဒါကိုကြည့်ခြင်းအားဖြင့်ဘ၀သံသရာဟာဘယ်လောက်ရှည်ခဲ့သလဲဆိုတာမှန်းဆနိုင်ပါ ၊
ဒါဟာ မွေးလာလိုက်၊ အိုမင်းလာလိုက်၊နာမကျန်းဖြစ်လိုက်၊ သေလိုက်၊နောက်တဖန်
ပြန်မွေးလာလိုက်၊အိုမင်းလာလိုက်၊နာမကျန်းဖြစ်လိုက်၊သေလိုက်၊နောက်ပြန်မွေးလာလိုက်နဲ့
သံသရာလည်နေတာဘဲမဟုတ်ပါလား ၊
မွေးလိုက်သေလိုက်၊သေလိုက်မွေးလိုက် ဒီလို သံသရာလည်နေတာဖြစ်ပါတယ်၊ပုဂ္ဂိုလ်
သတ္တ၀ါအနေနဲ့ ကြည့်ရင်တော့ဒီလိုဘဲမဆုံးနိုင်တဲ့သံသရာကိုတွေ့ရမှာဖြစ်ပါတယ် ၊
လူ၊နတ်၊ဗြဟ္မာ၊ ပုဂ္ဂိုလ်၊သတ္တ၀ါဆိုတာတွေဟာ
အမည်နာမအားဖြင့်ပညတ်ပြီးခေါ်ဝေါ်သမုတ်ထားတဲ့အမည်များသာဖြစ်ပါတယ် ၊
သီတဂူဆရာတော်ဘုရားရဲ့ဘ၀တန်ဘိုးတရားထဲမှာ
( အနောက်တိုင်းအတွေးအခေါ်ပညာရှင်များရဲ့  တွေးခေါ်ယူဆချက်များဟာ ပရမထ
တရားများမပါဘဲ နဲ့  ပညတ်ပေါ်မှာတင်ပြီးစဉ်းစားရာမှ ထွက်ပေါ်လာတဲ့တရားများကို
ဒဿနလို့ ခေါ်ပြီးပညာရပ်တခုအနေနဲ့ လေ့လာသင်ယူဆည်းပူးနေကြတာဖြစ်တယ်လို့ 
ဆိုထားပါတယ် )
မြတ်ဗုဒ္ဒရဲ့တရားများဟာအမှန်တကယ်ရှိတဲ့ပရမတ်တရားများအပေါ်မှာအခြေခံပြီးဟောထားတာ
ဖြစ်တဲ့အတွက်ဗုဒ္ဒအဆုံးအမကိုနားလည်နိုင်ရန်အတွက်အမှန်ရှိတကယ်ရှိတဲ့ပရမတ်တရားများ
အပေါ်မှာဥာဏ်ရောက်ဘို့လိုပါတယ် ၊
ဒါကြောင့်မြတ်စွာဘုရားက တကယ်မရှိတဲု့ဂ္ဂိုလ်သတ္တ၀ါရဲ့ အစကိုတော့ရှာလို့ မရနိုင်ဘူး
အမှန်တကယ်ရှိတဲ့ခန္ဓာရဲ့အစကိုတော့ငါပြောနိုင်တယ်။
အဲဒါမသိမှုဆိုတဲသဘောတရားနဲ့စွဲလန်းတတ်မက်၍ပြုလုပ်ခြင်းဆိုတဲ့သဘောတရားများကစဖြစ်လာတာ
လိ့ဟောကြားတော်မူခဲ့ပါတယ်
အ၀ိဇ္ဇာဆိုတဲ့မသိမှုကြောင့်တဏှာဆိုတဲ့ဆိုလန်းမှုမှ ပြုလုပ်ရင်းလုံးလည်လိုက်နေ
ကြတာဖြစ်ပါတယ် ၊
ဒါကို ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီးက
အ၀ိဇ္ဖာနှင့် တဏှာအရင်းခံ ၊ ဥပါဒါန်၊ ကံကြောင့်ရုပ်နမ်ပေါ်၊ အပင်မှမျိုး၊
မျိုးမှအပင်၊အမြှင်မပြတ်ဆက်စပ်သည့်ဟန်၊ကံကြောင့်နမ်ရုပ်၊နမ်ရုပ်ကြောင့်ကံ၊အဖန်ဖန်ဖြစ်ပြန်နည်းအလျော်၊
ဗြဟ္မာ-သိကြား၊ စသည်များက ထင်ရှားပြုပြင်၊ စီရင်ဖန်ဆင်း၊
အကြောင်းရင်းကြောင့်၊
လူနတ်များစွာသတ္တ၀ါတို့ဖြစ်လာရမှု၊မဟုတ်ဟုဥာဏ်ဖြင့်ရှူ၍မျှော်
ဟူ၍ လင်္ကကာဖြင့်ညွှန်ပြထားတော်မူခဲ့ပါတယ်၊
မောင်သုည
ကြောင်းကျိုးဆက်စပ်မှုသဘောတရားများ
ဧရာဝတီသားလေး
Labels:
ဘာသာရေး
လူ့ ဘ၀အစ နှင့် ခန္ဓာအစ ( သို့ မဟုတ် ) ကြောင်းကျိုးဆက်စပ်မှုသဘောတရားများ
Posted by
moon
Sunday, September 2, 2012
Subscribe to:
Post Comments (Atom)
Blog Subscription
Search this blog
linkwithin.
asdad
My Right Time
Labels
မန်ဘာဝင်ရန်
Popular Posts
-
အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ ဒီပို့ စ်လေးကနည်းနည်းရိုင်းတယ်ထင်ရင်လည်း ခွင့်လွတ်ပေးပါ။ကျွန်တော်က အားလုံးဗဟုသုတရစေရန်ရည်ရွယ်ပီး ရှာတင်ထားတာ...
-
ရှက်ပါတယ်ဗျာ.. ပြန်ပြောရမှာ .. ။ ဒါပေမဲ့လည်း မပြောပဲလည်း မနေနိုင်ပြန်ဘူး။ တစ်သက်မှာ တစ်ခါ မိန်းမ ခိုးပြေးတဲ့ ကိစ္စဆိုတော့ .. ဒါ...
-
လောင်မြေအတွင်း ပေါင်းတွေရှင်း မြေင်းရေးသွင်းခဲ့ မြတ်ဆရာ။ မြတ်ပန်းလွာဂုံ ဆန်းဖြာထုံခဲ့တာ မြတ်ဆရာ။ တက်စေချင်မြတ်စေချင် လာဘ်တွေမြင်ခဲ့တာ...
-
၁၉၄၄ ခုနှစ် ဒုတိယကမ္ဘာစစ်ကာလ အတွင်း လီဒိုလမ်းမကြီးပေါ်ရှိ မဟာမိတ်စစ်သားများနှင့်အတူ...
-
ကိုယ့်ချစ်သူက သင့်ရဲ့ဖူးစာရှင် ဟုတ်မဟုတ် သိချင်ကြဘူးလား၊ နည်းကတော့ လွယ်လွယ်လေးပါ။ သင်ရယ်၊ သင့်ရဲ့ ချစ်သူမွေးနေ့သက္ကရာဇ် အားလုံးပေါင်ြး...
-
http://onlinepyadaik.com/profiles/blogs/4021190:BlogPost:276709#com... http://soneseeyar.ning.com/profiles/blogs/6523429:BlogPost:5085...
Write Down Anything
login မှဝင်ကာ facebook ဖြင့်ရေားနိုင်သလို guest ဖြင့်လည်းဝင်ရောက်ရေးသားနိုင်ပါတယ်..အကြံပြု ဝေဖန်နိုင်ပါတယ်နော်။
My Blogs List
-
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။10 years ago
-
နံနက်သဘင်10 years ago
-
-
မျိုးဆက်သစ် ရှင်(၁၀၀)ပြုပွဲ နှိုးဆော်လွှာ။11 years ago
-
-
-
-
-
-
Exchange Myanmar Money
!-end>!-foreign>
Download For You
- ♫♪ Alpha Zawgyi
- ♫♪ Alpha Zawgyi လက်ကွက်ပုံ
- ♫♪ Team Viewer လေးနဲ့ ချိတ်ကြမယ်
- ♫♪ ပုရပိုက်
- ♫♪ Zawgyi Font 32Bit
- ♫♪ Zawgyi Font 64Bit
- ♫♪ ဇော်ဂျီကီးဘုတ် အသစ်
- ♫♪ ဇော်ဂျီဖောင့်
- ♫♪VZO ဒေါင်းယူရန်
- ♫♪Mp3-Mp4 သီချင်းချုံ့ဆော့ဝဲလ်
- ♫♪GOM Player ဒေါင်းရန်
- ♫♪ မြန်မာသရီး
- ♫♪blogger help education
- ♫♪ မြန်မာဖေါင့်အလန်းစာတွေဒေါင်းယူရန်
- ♫♪ အရေးခက်သောစာလုံးများအလွယ်ရေးရန်
- ♫♪ Download နည်းများလေ့လာရန်
- Zaw Gyi – Home Page
Blog Archive
Powered by Blogger.
0 comments:
Post a Comment