Labels:

ပျားဆွဲသောမုတ်ဆိတ်ပြိုင်ပွဲ...

ဒီပြိုင်ပွဲဟာ တစ်ကယ်တော့ အသည်းငယ်သူတွေအတွက်မဟုတ်ပါဘူး...



ပျားက မုတ်ဆိတ်တင်မကဘူး ခေါင်းတစ်ခုလုံး၊ ပခုံးပါမကျန် စွဲတော့ တာ...

Can you see me? Szabo reaches out towards the crowd, while covered in bees

အမှန်တစ်ကယ်ပဲ မုတ်ဆိတ်ပျားစွဲပြီးပြိုင်ပွဲမှာ အနိုင်ရသွားပါတယ်...
Top contender: Tibor Szabo of Guelph, Ontario has his head completely covered with honey bees, at the Clovermead Bees & Honey, Bee Beard
Competition in Aylmer, Ontario, Canada



ယမန်နေ့ က၊ ကနေဒါနိုင်ငံ၊ အွန်တေရီရိုမြို့ မှာကျင်းပခဲ့ တဲ့ အမှန်တစ်ကယ်ပျားစွဲသောမုတ်ဆိတ် ပြိုင်ပွဲမှာ ရဲစွမ်းသတ္တိရှိကြတဲ့ ကနေဒါနိုင်ငံသားများ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ ကြပါတယ်...မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်မှာ ပျားကောင်တွေအများဆုံးထားရှိနိုင်သူက ပြိုင်ပွဲမှာအနိုင်ရတဲ့ ပျားတုပ်ခံရမှာ မကြောက်တဲ့ သတ္တရှင်တွေရဲ့ ပွဲပဲဖြစ်ပါတယ်...

ပါဝင်ယှဉ်ပြိုင်သူတွေထဲက တီဘောဇာဘို ဆိုသူကတော့ သူ့ ရဲ့ မျက်နှာနှင့် ဦးခေါင်းတစ်ခုလုံးကိုပျားတွေနဲ့ လုံးဝဖုံးလွှမ်းထားနိုင်ခဲ့ ပါတယ်...


ပျားသံယောဇဉ်...
Bee bonding: Tibor Szabo reaches his arm around fellow competitor Christy Hiemstra of Alymer

အခုလိုပျားစွဲတဲ့ မုတ်ဆိတ် ပြုလုပ်နိုင်သည့် အလေ့ အထကို အင်္ဂလိပ်လူမျိုး ပျားမွေးမြူသူတစ်ဦးက ၁၇၀၀ ခုနှစ်များလောက်မှာ စတင်စမ်းသပ်သိရှိပြုလုပ်နိုင်ခဲ့ တာဖြစ်ပါတယ်... သူ့ ရဲ့ နည်းကတော့ ပျားဘုရင်မတစ်ကောင်ကို သူ့ ရဲ့ လည်ပင်းမှာ အပ်ချည်နှင့် ချည်ထားပြီးနောက် လုပ်သားပျားတွေဟာ ထိုပျားဘုရင်မရှိရာကိုအလိုလိုရောက်ရှိဝိုင်းအုံလာကြတာဖြစ်ပြီး ထိုစဉ်ကာလက
တည်းက သူဟာ တစ်မူထူးခြားဆန်းပြားတဲ့ ပျားအုံဝတ်စုံကြီးနှင့် ( သူ့ တစ်ကိုယ်လုံးပျားတွေအုံနေလျှက် ) မြို့ ပေါ်ကလမ်းတွေမှာ လျှောက်သွားပြီးအဆန်းတစ်ကြယ်ဖြစ်အောင်ပြနိုင်ခဲ့ တာဖြစ်ပါတယ်...

" ပျားအုံတိုင်းမှာ ပျားဘုရင်မတစ်ကောင်စီရှိကြပါတယ်...ကျန်တဲ့ ပျားလုပ်သားတွေဟာ ပျားဘုရင်မကို သူမရဲ့ အနံ့ နှင့် သိရှိကြတာဖြစ်ပါတယ်...ကျွန်တော်တို့ က ပျားဘု၇င်မကို ပလတ်စတစ်လှောင်အိမ်လေးတစ်ခုထဲထည့်ပြီး လည်ပင်းမှာ ဆွဲထားလိုက်တာပါပဲ...ဒါဆိုသူမရဲ့ ပျားအုံက ပျားတွေအားလုံးလိုက်လာတော့ တာပါပဲ..." လို့ သြစတေးလျ တယ်လီဂရပ် သတင်းနှင့် ပြုလုပ်ခဲ့ တဲ့ တွေ့ ဆုံမေးမြန်းခန်းတစ်ခုမှာ ပျားမွေးမြူရေးလုပ်ငန်းဖြင့်အသက်မွေးဝမ်းကျောင်းပြုနေသူ မီလာနီကမ်ပါးစ် ကရှင်းပြခဲ့ ပါတယ်...



ပျားတွေဝိုင်းတဲ့ သူအစွမ်း...
ဖက်ရှင်ဆန်းနဲ့ ပျားမော်ဒယ်လေလား...
ဒီနည်းစနစ်ကို ၁၇၀၀ ခုနှစ်များကတည်းက သိရှိခဲ့ လာကြတာလို့ ဆိုတာပါပဲ...
Bizarre hobby: Beebearding is thought to date back to the 1700s


သဘာဝရဲ့ သံချပ်အင်္ကျီ လို့ တောင်ပြောနိုင်ပါတယ်...
Body armour: Albert de Vries of St. Thomas, Ontario walks while covered with over 5 lbs of honey bees


ဒီသတင်းဖတ်ပြီး သင်လည်း မုတ်ဆိတ်မှာပျားဆွဲအောင်ဖန်တီးလို့ ရပါတယ်...
သတိ ...
ပျားတုပ်ခံရလျှင်တော့ တာဝန်မယူပါ...


ဧရာဝတီသားလေး

0 comments:

Post a Comment