လွန်ခဲ့သောနှစ်ပေါင်း ၃၅ နှစ်ကျော်က ဖြစ်သည်။ မြ၀တီစာပေတိုက်တွင်
ကျွန်တော်အယ်ဒီတာချုပ် အဖြစ် တာဝန် ထမ်းဆောင်နေချိန်က ဖြစ်သည်။ တစ်နေ့တွင်
ကျွှန်တော်နှင့်ခင်မင်ရင်းနီးသော ဆရာ ၀န်ကြီး ဒေါက်တာတင်အောင်သည်
ကျွန်တော်ထံသို့လာ၍
စကားစမြည်ပြောရာမှ ထူးခြားသောသူ၏ ကိုယ်တွေ့ဖြစ်ရပ်တစ်ခုကို ပြောပြသွားသည်။
ဆရာဝန်ကြီး ဒေါက်တာတင်အောင်သည် ရန်ကုန်ဆေးရုံ ကြီးဓါတ်ရောင်ခြည်ဌာနတွင်
တာဝန်ခံဆရာဝန်ကြီးတစ်ဦးဖြစ်သည်။
(ဆောင်းပါးနည်းနည်းရှည်သည် အချိန်သိပ်မရှိသော စာဖတ်ချစ်သူများ မိမိဘာသာမိမိ အပိုင်းအပိုင်း ခွဲ၍ ဖတ်ကြပါလေ)
“ကင်ဆာနဲ့ပတ်သက်ပြီး
ထူးခြားတဲ့ ကိုယ်တွေ့ဖြစ်ရပ် တစ်ခုကို ကျွန်တော် ပြောပြချင်တယ်။
လွန်ခဲ့တဲ့ ၅ လကျော်လောက်က ကျွန်တော်တို့ဌာနကို ကင်ဆာဝေဒနာရှင်
ဆရာတော်တစ်ပါး ရောက်လာ တယ်။ ဆရာတော်က ကင်ဆာရနေလို့ ဓါတ်ရောင်ခြည် ကင်ဖို့
သက်ဆိုင်ရာ ဆရာဝန်ကြီးများရဲ့ ညွှန်ကြားချက်လည်းပါလာတယ်။ ကျွန်တော်တို့က
ဆရာတော်ကို ဓါတ်ရောင်ခြည်ကင် ဖို့စီစဉ်တော့ ဆရာတော်က လက်မခံဘူး။
ပြန်ကြွသွားတယ်။ အဲ့ဒီလိုနေလာရာက ၃-လကျော်လောက် အကြာမှာ အဲဒီ ဆရာတော်
ပြန်ကြွလာတယ်။ ကျွန်တော်သူရောဂါကို စစ်ဆေးကြည့်တဲ့အခါ ကင်ဆာရော ဂါ
ပျောက်ကင်းနေတာကိုတွေ့ရတယ်။ ကျွန်တော်တို့လည်းအံ့သြမဆုးံဖြစ်သွားတယ်။
ဒါနဲ့
‘ဆရာတော်ဒီကြားထဲ ဘာဆေးတွေ သောက်လဲလို့ မေးကြည့်တယ်။ ဆရာတော်က သင်္ဘော
ရွက်အစိမ်းတွေကိုပဲ အရည် ညှစ်သောက်တယ်’ လို့ပြောပြတယ်။ သည့်နောက်
ဆရာတော်လည်း ၀မ်းသာအားရ ပြန်ကြွသွားတာပဲ။ ဆရာတော်ရဲ့ ကင်ဆာရော ဂါဟာ
သင်္ဘောရွက် အစိမ်းကြောင့် ပျောက်တယ်ထင်တာပဲ၊ အတိအကျတော့ မပြောနိုင်ဘူး။
ဆေးသိပ္ပံသဘောအရ တစ်ဦး တစ်ယောက် သင်္ဘောရွက်ကြောင့် ကင်ဆာပျောက်တယ်ဆိုပေမဲ့
အားလုံးပျောက်လိမ့်မယ်လို့ ကောက်ချက်ချ မပြောနိုင်ဘူးဆရာ။
ကင်ဆာအမျိုးအစားနဲ့ ကင်ဆာလူနာပေါင်းများစွာကို စမ်းသပ် ကြည့်ပြီး ပျောက်မှ
အတည်ပြုပြောနိုင်မှာပါ။ ထူးခြားတာကတော့ အမှန်ပဲဆရာ” ဟူ၍ ဆရာဝန်ကြီးဒေါက်တာ
တင်အောင်က ပြောပြခဲ့သည်။
ကျွန်တော်လည်း ထိုစဉ်ကပင် သင်္ဘောရွက်
စိမ်းအာနိသင်ကို သတိပြုမိသည်။ ၁၅-နှစ်ခန့်ကြာသောအခါ ဆရာဝန်ကြီးဒေါက်တာ
တင်အောင်သည် ကွယ်လွန် သွားရှာသည်။ ကျွှန်တော်လည်းကင်ဆာရောဂါနှင့်
သင်္ဘောရွက်အကြောင်း သူ၏ပြောပြချက် ကို
မေ့မေ့ပျောက် ပျောက် ပင်ရှိခဲ့သည်။
ဤသို့ရှိရာမှ မကြာမီက ရန်ကုန်မြို့မဟာသိမ်တော်ကြီး ဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ
ဘဒ္ဒန္တကုမာရက လက်ကမ်းစာစောင် ကလေးတစ်စောင်ကို မြတ်မင်္ဂလာတွင် လိုသလို
အသုးံပြုနိုင်ရန် တာဝန်ခံအယ်ဒီတာ ဦးဥာဏ်လင်းအောင်မှတဆင့် ကျွန်တော့်ကို
ပေးလိုက်သည်။ ဤလက်ကမ်း စာစောင်တွင် “ကင်ဆာရောဂါပျောက်စေသောသင်္ဘောရွက်”
ဟူသော ဆောင်းပါးတစ်ပုဒ် ပါလာ သည်။ ရေးသားတင်ပြသူမှာ ဒေါက်တာခင်ရွှေ (
တိရစ္ဆာန်ဆေးကုဆရာဝန်) ဟူ၍ ဖော်ပြထားသည်။
ကျွှန်တော်ဖတ်ရူလေ့လာကြည့်ရာ
ကင်ဆာရောဂါ ပျောက်စေသော သင်္ဘောရွက်အကြောင်း စုံစုံ လင်လင် ရေးသားထားသည်
ကို တွေ့ရသည်။ ဤတွင်ကွယ်လွန်သူဆရာဝန်ကြီင်္း ဒေါက်တာ တင်အောင်၏
ကင်ဆာရောဂါနှင့် သင်္ဘောရွက် အကြောင်းပြောကြားချက်ကို သတိရကာ အများပြည်
သူတို့ ဖတ်ရူနိုင်ရန် ထပ်ဆင့်တင်ပြပါသည်။ ကျွန်တော်သည် ဆရာဝန် လည်းမဟုတ်ပါ။
ဆေးဆရာ လည်းမဟုတ်ပါ။ ဆေးမြီးတို အကြောင်းရေးသားသူလည်း မဟုတ်ပါ။ သို့ရာတွင်
ဤဖြစ်ရပ်၊ ဤ ဆောင်းပါးတို့သည် ကင်ဆာ ရော ဂါဝေဒနာရှင်တို့အတွက်
တစ်စုံတစ်ခုသောအတိုင်းအတာအထိ အကျိုးပြုနိုင် လိမ့်မည်ဟုထင်မြင်ကာ
မူရင်းအတိုင်း ကုသိုလ်ပြု တင်ပြအပ်ပါသည်။
ဒေါက်တာခင်ရွှေ (တိရစ္ဆာန်ဆေးကုဆရာဝန်) ဘာသာပြန်တင်ပြသော ဆောင်းပါးအပြည့်အစုံ မှာအောက်ပါအတိုင်း ဖြစ်ပါသည်။
“သင်္ဘောပင်ကို
အပူပိုင်း အမေရိကန်နိုင်ငံတွင် စ-တင်စိုက်ပျိုးနေကြ သည်။
လက်တင်ဘာသာအားဖြင့် ( Carica Papaya ) ဟုခေါ်ပြီး သြစတြေးလျနှင့် နယူးဇီလန်
တွင် ပေါပေါဟု ခေါ်ဆိုသည်။ မြောက်အမေရိကရှိ လက်တင်ဘာသာအားဖြင့် (
Asi-mina Tirbola ) နှင့်ရှိသော အပင်နှင့်မတူချေ။ ၎င်းကိုလည်း
ပေါပေါဟုခေါ်ဆိုသည်။ နှစ်ပင်စလုံး ဆေးဖက်ဝင်ပါသည်။ သင်္ဘောရွက်အရည်သည်
သြစတြေးလျနိုင်ငံ ရွှေကမ်းခြေရှိလူများအား ကင်ဆာရောဂါပျောက်စေပါသည်။
စာရေးဆရာ
( Harold Tieze )က ၎င်းစာအုပ်တွင် မည်သို့မည်ပုံ အဆီထုတ်မည်နှင့် ကင်ဆာပျောက်
ကင်းသူတို့၏ ဇာတ်လမ်းတို့ကို အတိအကျ ရေးသားထားသည်။ ဤစာအုပ်တွင်
ရွှေကမ်းခြေလက် ကမ်းစာစောင်တွင်ပါရှိသော အောက်ပါ အစီရင်ခံစာကိုဖော်ပြပါမည်။
“ပေါပေါသည်
ကင်ဆာပျောက် သစ်သီးဖြစ်သည်။ ဥယျာဉ်မူးတို့သည် ကင်ဆာရောဂါရှင်တို့၏
သင်္ဘောရွက်အလှူခံမူကို အားပေး ကြသည်။ လွန်ခဲ့သော ၁၄- နှစ်က ဤအရပ်နေသူသည်
ကင်ဆာရောဂါပျောက်ကြောင်း အရွက်၏ ဂုဏ်သတ္တိကိုထုတ်ဖော်ပါသည်။
၎င်းကိစ္စကိုခြေရာခံလိုက်ရာ
သူနာပြုဆောင် ရောက်သွားပါသည်။ မစ္စတာစတန်ရှယ်တန်သည် ပြုတ်ထားသော သင်္ဘောရွက်
သတ္တုရည်ကို သောက်ခြင်းဖြင့် ပိန်းကြာ ရွက်ပေါ် ရေမတင်သကဲ့သို့ ကင်ဆာရောဂါ
ရှောရှောရှူရှူ ပျောက်သွားသည်။
အမေရိကန်၌ သုသေသနလုပ်ရာတွင် သိပ္ပံဆိုင်ရာ
အထောက်အထား ရရှိပါသည်။ ၎င်းသုသေသန၌ သင်္ဘောပင်မှ ဓာတုပစ္စည်းတစ်ခုကို ထုတ်နုတ်ရာ
ကင်ဆာရောဂါ အဆတစ်သောင်းခန့် ထက်မြက် သွားပါသည်။ မစ္စတာရှယ်တန်က
ဤတွေ့ရှိမူသည် ကျွန်ုပ်ကို သောက်သုံးရန် အကြံပေးခဲ့ပါသည်။ ကျွနှ်ပ် နှစ်လ
စမ်းသောက်ကြည့်သည်။ ကျွန်ုပ်သည် တီဘီရောဂါကို
ဓါတ်မှန်ဖြင့်အဆုတ် စစ်ဆေးခဲ့ သည်။ ဆရာဝန်တို့က ကင်ဆာပျောက်ပြီဟု ပြောပါသည်။
ထိုနှင့်
ကျွန်ုပ်က အထူးကုတို့အား ပြော ကြားရာ ၎င်းတို့က မယုံကြည်ကြချေ။ နောက်ဆုးံ
ခေါင်းကုတ်ပြီး ကျွနှ်ပ်က ကင်ဆာရောဂါအတွက် သင်္ဘော
ရွက်ကိုပြုတ်သောက်ခဲ့ကြောင်း ထောက်ခံချက်ရေးခဲ့သည်။ ၁၉၆၂-ခုနှစ် ကင်ဆာသည်
ဘယ်တော့ မှ ပြန်လည်မဖြစ်ပေါ်ခဲ့ပါ။ ရှယ်တန်၏ဇနီး သည်ကင်ဆာပျောက်ကြောင်း
ဆေးမြီးတိုတို့ကို အခြားဝေဒနာ သည်တို့အားဖြန့်ဝေပေးရာ၁၆-ယောက်
ပျောက်ကင်းချမ်းသာပါသည်။
သင်္ဘောရွက်နှင့်ရိုးတံတို့ကိုမသောက်ခင်
နှစ်နှစ်ရီကြာဒယ်အိုးထဲတွင် ပြုတ်ထားရပါသည်။သို့သော် ရေခဲသေတ္တာထဲတွင်
ထားပါက ၃၊၄ရက် ခံပါသည်။ ထို့နောက် ပုပ်သွားမည်။ နောက်လူတစ်ယောက်က ၁၉၇၈-ခု
စာစောင်ပါအတိုင်း ဖတ်ပြီး သင်္ဘောရွက်တို့ကိုဆေး လုပ်ကာ ကင်ဆာရောဂါသည်တို့အား
ပေးခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ယခင် ကင်ဆာရောဂါတွေ့ရှိ မူကြောင့်
သေမည့်လူတို့သည် ယခုအခါ အသက်ရှင်နေကြသည်။ ထို့ကြောင့် သင်္ဘောရွက်ကုထုံးသည်
ကင်ဆာကို တကယ်ပျောက်ကင်းပါသည်။
(ဆေးမြီးတို) သင်္ဘောရွက်အလတ်စားတို့ကို ဆေးကြောပြီး ဂေါ်ဖီကဲ့သို့
တောက် တောက်စဉ်းကာ ဒယ်အိုးထဲ တွင်ရေနှစ်လီတာဖြင့် ပြုတ်ပါ။ အဖုံး ဖွင့်ပါ။
၎-ခွက် ၂-ခွက်တင် ပြုတ်ပါ။ ထို့နောက်စစ်ပြီး
ဖန်ပုလင်းထဲတွင်ထည့်ထားပါ။ရေခဲသေတ္တာထဲတွင်ထည့်လျှင် ၃-၄-ရက် ခံမည်။ အကယ်၍
နောက် ကျသွားပါက စွန့်ပစ်လိုက်ပါ။ စားပွဲဇွန်းသုံးဇွန်း(သို့) ၅၀
မီလီမီတာကို ၁ရက် သုးံကြိမ်တိုက်ပါ။ ဤသင်္ဘောရွက် ကုထုံးဇာတ်လမ်းသည်
အခြားဆေးဖက်ဝင်ကုထုံးများထက် ပိုမို ဆန်းပြားသည်။
ဧရာဝတီသားလေး
Labels:
ကျန်းမာရေး
ကင်ဆာရောဂါအတွက် သဘောင်္ရွက်"
Posted by
moon
Sunday, September 2, 2012
Subscribe to:
Post Comments (Atom)
Blog Subscription
Search this blog
linkwithin.
asdad
My Right Time
Labels
မန်ဘာဝင်ရန်
Popular Posts
-
အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ ဒီပို့ စ်လေးကနည်းနည်းရိုင်းတယ်ထင်ရင်လည်း ခွင့်လွတ်ပေးပါ။ကျွန်တော်က အားလုံးဗဟုသုတရစေရန်ရည်ရွယ်ပီး ရှာတင်ထားတာ...
-
ရှက်ပါတယ်ဗျာ.. ပြန်ပြောရမှာ .. ။ ဒါပေမဲ့လည်း မပြောပဲလည်း မနေနိုင်ပြန်ဘူး။ တစ်သက်မှာ တစ်ခါ မိန်းမ ခိုးပြေးတဲ့ ကိစ္စဆိုတော့ .. ဒါ...
-
လောင်မြေအတွင်း ပေါင်းတွေရှင်း မြေင်းရေးသွင်းခဲ့ မြတ်ဆရာ။ မြတ်ပန်းလွာဂုံ ဆန်းဖြာထုံခဲ့တာ မြတ်ဆရာ။ တက်စေချင်မြတ်စေချင် လာဘ်တွေမြင်ခဲ့တာ...
-
၁၉၄၄ ခုနှစ် ဒုတိယကမ္ဘာစစ်ကာလ အတွင်း လီဒိုလမ်းမကြီးပေါ်ရှိ မဟာမိတ်စစ်သားများနှင့်အတူ...
-
ကိုယ့်ချစ်သူက သင့်ရဲ့ဖူးစာရှင် ဟုတ်မဟုတ် သိချင်ကြဘူးလား၊ နည်းကတော့ လွယ်လွယ်လေးပါ။ သင်ရယ်၊ သင့်ရဲ့ ချစ်သူမွေးနေ့သက္ကရာဇ် အားလုံးပေါင်ြး...
-
http://onlinepyadaik.com/profiles/blogs/4021190:BlogPost:276709#com... http://soneseeyar.ning.com/profiles/blogs/6523429:BlogPost:5085...
Write Down Anything
login မှဝင်ကာ facebook ဖြင့်ရေားနိုင်သလို guest ဖြင့်လည်းဝင်ရောက်ရေးသားနိုင်ပါတယ်..အကြံပြု ဝေဖန်နိုင်ပါတယ်နော်။
My Blogs List
-
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။10 years ago
-
နံနက်သဘင်10 years ago
-
-
မျိုးဆက်သစ် ရှင်(၁၀၀)ပြုပွဲ နှိုးဆော်လွှာ။11 years ago
-
-
-
-
-
-
Exchange Myanmar Money
!-end>!-foreign>
Download For You
- ♫♪ Alpha Zawgyi
- ♫♪ Alpha Zawgyi လက်ကွက်ပုံ
- ♫♪ Team Viewer လေးနဲ့ ချိတ်ကြမယ်
- ♫♪ ပုရပိုက်
- ♫♪ Zawgyi Font 32Bit
- ♫♪ Zawgyi Font 64Bit
- ♫♪ ဇော်ဂျီကီးဘုတ် အသစ်
- ♫♪ ဇော်ဂျီဖောင့်
- ♫♪VZO ဒေါင်းယူရန်
- ♫♪Mp3-Mp4 သီချင်းချုံ့ဆော့ဝဲလ်
- ♫♪GOM Player ဒေါင်းရန်
- ♫♪ မြန်မာသရီး
- ♫♪blogger help education
- ♫♪ မြန်မာဖေါင့်အလန်းစာတွေဒေါင်းယူရန်
- ♫♪ အရေးခက်သောစာလုံးများအလွယ်ရေးရန်
- ♫♪ Download နည်းများလေ့လာရန်
- Zaw Gyi – Home Page
Blog Archive
Powered by Blogger.
0 comments:
Post a Comment