Operation System အမျိုးအစားတစ်ခု
လွန်ခဲ့တဲ့ နှစ်နှစ်လောက်က စပြီးတော့ Operation system ဆိုတာ
ထည့်ပြောစရာမလိုတဲ့ အခြေအနေဖြစ်နေပါပြီ။ ဘာလို့လည်းဆိုတော့ အဓိကကျတဲ့
ကွန်ပြူတာနဲ့ လုပ်မယ့် အလုပ်တွေ အားလုံးနည်းပါးက အွန်လိုင်းကနေပဲ လုပ်တာ
ဖြစ်တော့ browser တွေသာ အဓိက အခန်းကဏ္ဍက ဖြစ်နေပါတယ်။ ဒါကြောင့် Operation
system ဆိုတာ့ နောက်ကွယ်ကပဲ သူလုပ်ရမယ့်အလုပ်တွေ လုပ်တာဖြစ်ပြီး
အသုံးပြုသူက ဘယ် Operation system ကို သုံးနေသလည်းဆိုတာ သိစရာ
မလိုတဲ့အနေအထားဖြစ်နေပါတယ်။ အဲဒီတော့ Operation system ဆိုတာ user တွေ
အသုံးပြုမယ့် ဆော့ဝဲ တွေနဲ့ computer မှာ ရှိတဲ့ hardware တွေကို
ချိတ်ဆက်ပေးတဲ့ ကြားခံ တစ်ခုလို့ပဲသိထားရရင်ရလောက်ပါပြီ။
Windows မဟုတ်ဘူး။
new users တော်တော်များများက Windows,Linux နဲ့ Mac က
ဘာကွာခြားလည်းဆိုတာ သေချာမသိကျပါဘူး။ တော်တော်များများက တော့ windows
လိုမျိုး အကုန်သုံးလို့ရရင် ကွန်ပြူတာပဲ ထင်ကြတာပဲ။ Windows ပါမှာ
ကွန်ပြူတာလို့ ထင်နေကြတယ်။ တကယ်တော့ Windows ဆိုတာ Operation system
တစ်ခုပဲ။ End user တွေအနေနဲ့ Operation System က အဓိက မဟုတ်တာတော့
သေချာတယ်။ အဲဒီ Operation System ပေါ်မှာ တင်ပီး Run နေတဲ့ Application တွေ
အသုံးပြုကြတာပါ။ တစ်ခြား Opensource application တွေကလည်း Windows မှာပါတဲ့
application တွေလိုပဲ အသုံးပြုလို့ ရပါတယ်။ ဥပမာ၊ Microsoft Word
ဆိုတာမျိုး Libre office Writer ရှိပါတယ်။ Menu တွေ တော်တော်များများ
အတူတူပါပဲ။ File memu ထဲမှာ New,Open,Save, Save as စသည်ဖြင့် တူတူပဲ
ပါတာပါပဲ။ အဲဒီတော့ Windows တင်ထားမှ ကွန်ပြူတာ မဟုတ်ပါဘူး။
C:\ မရှိဘူး။
Windows အသုံးပြုသူတွေက C:\ ဆိုတာဘာလည်းဆိုတာတော့ သိကြပါတယ်။
များသောအားဖြင့် ဘယ်လိုမှတ်ထားသလည်းဆိုတော့ C:\ ဆိုတာ System partation
သွားမထိနဲ့ အန္တရယ်ရှိတယ်။ အဲလောက်ပါပဲ။ Linux မှာတော့ Directory hierarchy
တွေကို ပြည့်စုံအောင် လုပ်ထားပါတယ်။ User အတွက်မှတ်ထားရမယ့်
တစ်နေရာပဲရှိပါတယ်။ /home/USERNAME (USERNAME ဆိုတာကတော့ အသုံးပြုသူနဲ့
login name ပါ). များသောအားဖြင့် နောက်ဆုံးပေါ် Linux distro တွေမှာတော့
users home directory မှာ Documents, Pictures, Music, Video စသည်ဖြင့်
နေရာတွေ ပြုလုပ်ပေးပြီးသားတွေ တွေ့နိုင်ပါတယ်။ အဲဒီတော့ User မှတ်ထားရမှာက
ကိုယ့် နာမည်နဲ့ နေရာမှာ ကိုယ့်ဖိုင်တွေ အကုန်လုံးသိမ်းထားနိုင်ပါတယ်
ဆိုတာပါပဲ။
Installing လုပ်နည်းလည်း ကွာတယ်။
Windows မှာ software တစ်ခု install လုပ်ချင်တယ်ဆိုရင် net မှာ ရှာမယ်။
.exe ဖိုင်ကို ဒေါင်းလုပ်လုပ်မယ်။ ပြီးရင် double click ခေါက်ပီး run
လိုက်မယ်။ ပြီးအောင် စောင့်မယ်။ နောက် အသုံးပြုမယ်ပေါ့။ Linux တွေမှာတော့
Add/Remove software tool(Ubuntu software Center, PackageKit, or
Synaptic) တစ်ခုခုကို ဖွင့်၊ အသုံးပြုချင်တဲ့ software ကို ရှာပြီး install
button ကို နိပ်လိုက်ယုံပါပဲ။ အသုံးတည့်မယ့် opensource software
တော်တော်များများ တွေ့ပါလိမ့်မယ်။
Command line မလိုပါဘူး။
Linux ဆိုပြီး ပြောလိုက်တာနဲ့ User တွေက command line တွေ
လေ့လာရတော့မယ်ပဲ ပြေးမြင်ကြပါတယ်။ Modern Linux Distro တွေ မှာ End user
တွေ Command ရိုက်စရာ မလိုပဲ အသုံးပြုလို့ရအောင် လုပ်ထားပြီး
ဖြစ်နေပါပြီ။ Terminal အမြဲဖွင့်ထားပြီး grep, ls, mkdir, chmod, or chown
တွေ ရိုက်နေစရာမလိုပါ။ GUI ကနေ လုပ်နိုင်ပါတယ်။
Virus ဝင်မှာမပူရပါ။
Windows အသုံးမပြုတော့ဘူးဆိုရင်တော့ Virus ဆိုတာကိုလည်း ဂရုစိုက်နေစရာ
မလိုတော့ပါဘူး။ AVG or SEP တွေ task bar မှာ မြင်ရမှာမဟုတ်တော့ပါဘူး။ LINUX
ဒါက ပုံမှန်ပါပဲ။ တစ်ခြား Windows user က မေးလ် ပို့လိုက်လို့ မေးလ် ထဲမှာ
virus ပါလာလို့လား။ မပူပါနဲ့ LINUX ကို အဲဒီ virus က ဒုက္ခမပေးနိုင်ပါ။
just select and delete လုပ်လိုက်ယုံပါပဲ။
အခမဲ့ပဲဖြစ်ပါတယ်။
Open source နဲ့ ပတ်သက်ပြီး လူတွေ အမြင်ကြားရတာတော့
မကောင်းကြောင်းကြည့်ပဲဖြစ်နေတယ်။ consumerist society တွေထင်ထားတာကတော့
free ပေးတာတွေက အသုံးဝင်ရင်တော့ ကောင်းပါတယ်တဲ့။ software တစ်ခုက
လူတိုင်းအတွက်တော့ ဘယ်အသုံးဝင်ပါ့မလဲ။ များသောအားဖြင့်လည်း မသုံးကြည့်ပဲနဲ့
အသုံးမဝင်ဘူးပဲ ပြောကြတာများပါတယ်။ ဥပမာ scribus နဲ့ လုပ်ထားတဲ့ ဖိုင်ကို
Printing ကိုပို့တော့ သူတို့က Pagemaker, Indesign သုံးထားလို့ ဖွင့်မရလို့
သုံးလို့မရဘူးတဲ့။ Scribus မှာ PDF ဖိုင် ပြောင်းလို့ ရပါတယ်။ Printing
လုပ်တဲ့သူတွေကို PDF ဖိုင်ပေးလိုက်ယုံနဲ့ရပါတယ်။ Design source ဖိုင်ပေးစရာ
မလိုပါဘူး။ သူငယ်ချင်းတစ်ယောက် မာစတာ တန်းအတွက် သီးစစ်လုပ်တာ ၈၀
ရာခိုင်နှုန်းလောက်က wiki နဲ့ google က ရတာတဲ့။ အဲဒီနှစ်ခုလုံးက Open source
တွေပါပဲ။
ဒီတစ်ခု မကြိုက်ဘူးလား နောက်တစ်ခုပြောင်းပေါ့။
LINUX မှာတော့ရွေးချယ်စရာတွေများပါတယ်။ Desktop ကလည်း
အမျိုးမျိုးရှိတယ်။ Themes တွေလည်း အမျိုးမျိုးပြောင်းနိုင်ပါတယ်။ ဒီတစ်ခု
အသုံးပြုရတာ အဆင်မပြေရင် နောက်တစ်ခုပြောင်းသုံးယုံပါပဲ။ အခုမှ
စသုံးမယ်ဆိုရက်တော့ Ubuntu ဒါမှမဟုတ် Linux Mint သုံးကြည့်ပါ။ Ubutnu ကတော့
Facebook မှာ မြန်မာ fun တွေ ရှိပါတယ်။ LInux Mint menu တွေကတော့ Windows
နဲ့ ယဉ်ပါးနေတဲ့သူတွေ အသုံးပြုရင် အဆင်ပြေပါတယ်။
Driver installer CD တွေ သိမ်းထားစရာ မလိုပါဘူး
Windows XP သုံးဖူးတဲ့သူတွေ သိမှာပါ။ Windows ပြန်တင်တိုင်း Driver တွေ
isntall လုပ်ရတာ ဘယ်လောက် ခေါင်းခြောက်သလဲ။ Linux မှာတော့ တော်တော်များများ
driver တွေကို auto သိပါတယ်။
Google မှာ ရှာပါ။
Linux မှာ error တစ်ခုခုတွေ့နေသလား။ copy ကူးပြီးသာ Google
မှာရှာလိုက်ပါ။ ဖြေရှင်းချက် မျိုးစုံ ထွက်လာပါလိမ့်မယ်။ တစ်ခါတည်း
လေ့လာပြီးသားပါဖြစ်သွားနိုင်ပါတယ်။
လူတွေက တစ်ခုခု အပြောင်းအလဲ လုပ်ရမှာကို ကြောက်စိတ်ရှိပါတယ်။
တစ်ခုသိရမှာက ကိုယ့်ပတ်ဝန်းကျင်ကို ကိုယ် ပြန်ကြည့်ကြည့်ပါ။ အရာရာတိုင်း
ပြောင်းလဲနေတယ်။ ပြောင်းလဲမှုကိုလဲ လက်ခံနေရတယ်။ အဲဒီတော့ အပြောင်းအလဲလေး
လုပ်ကြည့်ဖို့ တိုက်တွန်းပါတယ်။ priate တွေ သုံးမလား၊ ဒါမှမဟုတ်
ကိုယ့်လိပ်ပြာ ကိုယ် လုံအောင် Opensource တွေ သုံးမလားပါပဲ။
ဧရာဝတီသားလေး
Labels:
နည်းပညာ
LINUX စသုံးမည့်သူများ သိသင့်စရာအဖျာဖျာ
Posted by
moon
Friday, August 31, 2012
Subscribe to:
Post Comments (Atom)
Blog Subscription
Search this blog
linkwithin.
asdad
My Right Time
Labels
မန်ဘာဝင်ရန်
Popular Posts
-
အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ ဒီပို့ စ်လေးကနည်းနည်းရိုင်းတယ်ထင်ရင်လည်း ခွင့်လွတ်ပေးပါ။ကျွန်တော်က အားလုံးဗဟုသုတရစေရန်ရည်ရွယ်ပီး ရှာတင်ထားတာ...
-
ရှက်ပါတယ်ဗျာ.. ပြန်ပြောရမှာ .. ။ ဒါပေမဲ့လည်း မပြောပဲလည်း မနေနိုင်ပြန်ဘူး။ တစ်သက်မှာ တစ်ခါ မိန်းမ ခိုးပြေးတဲ့ ကိစ္စဆိုတော့ .. ဒါ...
-
လောင်မြေအတွင်း ပေါင်းတွေရှင်း မြေင်းရေးသွင်းခဲ့ မြတ်ဆရာ။ မြတ်ပန်းလွာဂုံ ဆန်းဖြာထုံခဲ့တာ မြတ်ဆရာ။ တက်စေချင်မြတ်စေချင် လာဘ်တွေမြင်ခဲ့တာ...
-
၁၉၄၄ ခုနှစ် ဒုတိယကမ္ဘာစစ်ကာလ အတွင်း လီဒိုလမ်းမကြီးပေါ်ရှိ မဟာမိတ်စစ်သားများနှင့်အတူ...
-
ကိုယ့်ချစ်သူက သင့်ရဲ့ဖူးစာရှင် ဟုတ်မဟုတ် သိချင်ကြဘူးလား၊ နည်းကတော့ လွယ်လွယ်လေးပါ။ သင်ရယ်၊ သင့်ရဲ့ ချစ်သူမွေးနေ့သက္ကရာဇ် အားလုံးပေါင်ြး...
-
http://onlinepyadaik.com/profiles/blogs/4021190:BlogPost:276709#com... http://soneseeyar.ning.com/profiles/blogs/6523429:BlogPost:5085...
Write Down Anything
login မှဝင်ကာ facebook ဖြင့်ရေားနိုင်သလို guest ဖြင့်လည်းဝင်ရောက်ရေးသားနိုင်ပါတယ်..အကြံပြု ဝေဖန်နိုင်ပါတယ်နော်။
My Blogs List
-
-
နံနက်သဘင်10 years ago
-
-
မျိုးဆက်သစ် ရှင်(၁၀၀)ပြုပွဲ နှိုးဆော်လွှာ။11 years ago
-
-
-
-
-
-
-
Exchange Myanmar Money
!-end>!-foreign>
Download For You
- ♫♪ Alpha Zawgyi
- ♫♪ Alpha Zawgyi လက်ကွက်ပုံ
- ♫♪ Team Viewer လေးနဲ့ ချိတ်ကြမယ်
- ♫♪ ပုရပိုက်
- ♫♪ Zawgyi Font 32Bit
- ♫♪ Zawgyi Font 64Bit
- ♫♪ ဇော်ဂျီကီးဘုတ် အသစ်
- ♫♪ ဇော်ဂျီဖောင့်
- ♫♪VZO ဒေါင်းယူရန်
- ♫♪Mp3-Mp4 သီချင်းချုံ့ဆော့ဝဲလ်
- ♫♪GOM Player ဒေါင်းရန်
- ♫♪ မြန်မာသရီး
- ♫♪blogger help education
- ♫♪ မြန်မာဖေါင့်အလန်းစာတွေဒေါင်းယူရန်
- ♫♪ အရေးခက်သောစာလုံးများအလွယ်ရေးရန်
- ♫♪ Download နည်းများလေ့လာရန်
- Zaw Gyi – Home Page
Blog Archive
Powered by Blogger.
0 comments:
Post a Comment